top of page

"ကမ္ဘာအနီး ဂြိုဟ်သိမ်တစ်ခုကို တမင်ဝင်တိုက်မယ့် DART အကာသယာဉ် "

Updated: Oct 4, 2022

ဂြိဟ်သိမ်တွေရဲ့ ဝင်ရိုးလမ်းကြာင်းပေါ်မှာ ကမ္ဘာကကျရောက်ပြီး ကမ္ဘာပေါ်ကို ဂြိုဟ်သိမ်တွေကျရောက်လာမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ ???



အချင်းပေ 550 လောက်ရှိတဲ့ Dimorphos လို့ခေါ်တဲ့ ဂြိုဟ်သိမ်ဟာ သူ့ထက်ပိုကြီးမား တဲ့ 65083 Didymos လို့ခေါ်တဲ့ အချင်းကီလိုမီတာတစ်ဝက်ရှိတဲ့ ဂြိုဟ်သိမ်ကို လှည့်ပတ်နေတာပါ

DART ( Double Asteroid Redirection Test ) လို့အမည်ပေးထားတဲ့ အာကာသယဥ်ကို မနက်ဖြန် စက်တင်ဘာ ၂၇ရက်နေ့၊ မနက်၄နာရီ ၅၅မိနစ်မှာ Dimorphos ကို ဝင်တိုက်ပြီး စမ်းသပ်မှာဖြစ်ပါတယ်

DART က တစ်စက္ကန့်မှာ 7ကီလိုမီတာရှိတဲ့ အရှိန်နဲ့ Dimorphos ကိုဝင်တိုက်ပြီး ဂြိုဟ်သိမ်ရဲ့လမ်းကြောင်းကိုပြောင်းလဲသွားအောင်လုပ်တာဖြစ်ပါတယ်


Dimorphos ရော Didymos ဟာ ကမ္ဘာကိုဝင်တိုက်မယ့် အခြေအနေမှာမရှိပါဘူး

DART ဝင်တိုက်လို့ပြောင်းလဲသွားမယ့် ပတ်လမ်းကလဲ ကမ္ဘာကို ဝင်တိုက်မယ့်အခြေအနေမှာမရှိပါဘူး

DART ဝင်တိုက်မယ့်အဖြစ်အပျက်ကနေ ရရှိလာမယ့် သုတေသနဆိုင်ရာ အချက်အလက်တွေကို အသုံးပြုပြီး နောင်တစ်ချိန်မှာ ကမ္ဘာကိုဝင်တိုက်နိုင်မယ့် ဂြိုဟ်သိမ်၊ ဂြိုဟ်မွှားတွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ NASA ရဲ့စမ်းသပ်ချက်ပဲဖြစ်ပါတယ်


မောင်ဆန်တက်

Comentários


bottom of page