တစ်မျိုးလေးထပ်ဆန်းမယ့် အဆိုးလေး Batman 🦇🦇🦇
- Wainay Ya
- Mar 14, 2023
- 1 min read

ကျွန်တော်တို့တွေဟာ 𝗕𝗮𝘁𝗺𝗮𝗻 ကိုပုံစံမျိုးစုံနဲ့ မြင်တွေ့ခဲ့ကြဖူးပြီးပါပြီ။ အနာဂတ်မှာ High tech suit နဲ့အတူမြင်ရမယ့် Batman Beyond ၊ Victorian era မှာ steampunk style တွေနဲ့ကြမ်းနေတဲ့ Batman ၊ Ninjutsu တွေသုံးပြီး Megazord တွေနဲ့ယှဉ်ဖြုတ်တဲ့ Ninja Batman ၊ သွေးအေးကြမ်းကြုတ်တဲ့ Vampire Batman ၊ တခြား Parallel Universe တွေက Batman တွေစသဖြင့် အမျိုးမျိုးတွေ့ခဲ့ကြပြီးပါပြီ။ ဒါဆို လွန်ခဲ့တဲ့ သုံးလေးရက်ကမှ Trailer ထွက်လာခဲ့တဲ့ 𝗕𝗮𝘁𝗺𝗮𝗻 : 𝘁𝗵𝗲 𝗱𝗼𝗼𝗺 𝘁𝗵𝗮𝘁 𝗰𝗮𝗺𝗲 𝘁𝗼 𝗚𝗼𝘁𝗵𝗮𝗺 animated movie မှာရော ဘယ်လို 𝗕𝗮𝘁𝗺𝗮𝗻 မျိုးကိုမြင်ရဦးမှာလဲ?
New 52 era အပြီးမှာ WB ရဲ့ plan တွေအရ DC animated movie တွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်မနေတော့ဘဲ Stand alone movie တွေအနေနဲ့တစ်မျိုးဆန်းပြီးထွက်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ မတူညီတဲ့ taste တွေနဲ့ DC ရဲ့ hero တွေကို အမျိုးမျိုးမြင်ခွင့်ရခဲ့ကြတာပါ။ အခုလာမယ့် 𝗕𝗮𝘁𝗺𝗮𝗻 movie မှာလဲ taste အသစ်တစ်ခုအနေနဲ့ 1920 ဝန်းကျင်ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားတာကို မြင်ရမှာပါ။ Gotham by Gaslight နဲ့ ဆင်တူသလိုရှိပေမယ့် ဒီ Movie ရဲ့မူရင်း Comic ဟာ Lovecraft novel တွေကို မှီငြမ်းထားတာကြောင့် feeling ကတော့လုံးဝကွဲနေမှာသေချာပါတယ်။
ဇာတ်လမ်းအကျဉ်းကိုပြောရရင်1920 ခုနှစ်တွေက အမှန်တရားဘက်တော်သား လူစွန့်စားလေး 𝗕𝗮𝘁𝗺𝗮𝗻 ဟာ ရှေးကျတဲ့ စွမ်းအားတွေနဲ့ 𝗚𝗼𝘁𝗵𝗮𝗺 မြို့ကြီးကို တိုက်ခိုက်ခံရတော့မယ်လို့သိလိုက်ရတဲ့အခါ ဒီမြို့ကြီးကိုကာကွယ်ဖို့ဘယ်လိုတွေပြင်ဆင်သွားမလဲ၊ ဘယ်လိုတွေရင်ဆိုင်သွားမလဲ ဆိုတာကိုကြည့်ရမှာပါ။ အမြဲသိပ္ပံနည်းကျနဲ့ ခေါင်းအေးအေး ဖြေရှင်းတတ်တဲ့ ဆြာဘတ်တစ်ယောက် သူကိုယ်တိုင်နားမလည်တဲ့ စွမ်းအားတွေနဲ့ရင်ဆိုင်ရတဲ့အခါ သူ့ရဲ့သမာရိုးကျနည်းအတိုင်း plan တွေနဲ့ပဲအနိုင်ယူသွားမလား၊ ဒါမှမဟုတ် ဒီစွမ်းအင်တွေကို သူကိုယ်တိုင်ပြန်ပြီးအသုံးပြုသွားမလားဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။ ဒါ့အပြင် 𝗕𝗮𝘁𝗺𝗮𝗻 ရဲ့ ရန်သူတော်တွေဖြစ်တဲ့ Ra's Al Ghul, Mr.Freeze, Killer Croc, Two-Face စတဲ့ Villain တွေကိုလဲ Love craft style မျိုးနဲ့မြင်တွေ့ရမှာဖြစ်ပြီး 𝗕𝗮𝘁𝗺𝗮𝗻 ကိုလဲ Magic circle တွေ ၊ လင်းနို့တွေကို ထိန်းချုပ်နေတဲ့ပုံစံတွေနဲ့ trailer မှာမြင်ခဲ့ရတာမို့ Constantine လို vibe မျိုးနဲ့ 𝗕𝗮𝘁𝗺𝗮𝗻 movie ဖြစ်လာဖို့ မျှော်လင့်နေပါပြီ။
ဒီ movie အတွက် 𝗕𝗮𝘁𝗺𝗮𝗻 ရဲ့ အသံသရုပ်ဆောင်အဖြစ် David Giuntoli က သရုပ်ဆောင်ပေးထားပြီး movie အတွက်တော်တော်လေးကိုမိုက်ပြီး လိုက်ဖက်တဲ့အသံပါပဲ။ ဒီ movie ရဲ့ release date က 2023 March 28 ဖြစ်တာမို့ movie ထွက်လာတဲ့အခါတစ်ခေါက်ထပ်ဆွေးနွေးကြရအောင် Wai Nay Ya page လေးကို follow လုပ်ထားပြီး စောင့်ကြည့်ပေးပါဦးဗျ
~Sora
Comments