နေရာတိုင်းမှာ #1 ပြေးနေတဲ့ Miley Cyrus ရဲ့ “Flowers”
- The Cinema
- Jan 19, 2023
- 1 min read
Billboard Hot 100 Chart တွေ၊ Spotify, i Tunes နဲ့ Apple Music တို့မှာတင်မက နေရာတိုင်းမှာ #1 ရောက်နေတဲ့ Flowers ကတော့ SZA ရဲ့ “Kill Bill” နဲ့အပြိုင် Top 1 နေရာကို ဦးဆောင်နေတာပဲဖြစ်ပါတယ်။
Miley Cyrus ရဲ့ “Flowers” ဆိုတဲ့ဒီသီချင်းလေးက အသည်းကွဲနေတဲ့သူတွေအတွက် Healing ဖြစ်စေတဲ့ သီချင်းလေးဆိုရင်လည်း မမှားပါဘူး။ Move On လုပ်ဖို့အတွက်လည်း ခွန်အားအပြည့်ပေးတဲ့သီချင်းလေးပေါ့။ “ I can but myself flowers Write my name in the sand Talk to myself for hours Say things you don’t understand “ ဆိုတဲ့ lyrics တွေကလည်း လတ်တလောရေပန်းစားနေပြီး “I can love me better than u can” ဆိုတဲ့ စာသားကလည်း Miley Cyrus ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကို ထင်ဟပ်နေစေပါတယ်။
ကမ္ဘာတဝှမ်းက Miley Cyrus Fan တွေတင်မက အားလုံးသဘောကျ နှစ်ခြိုက်နေတဲ့ “Flowers” ကိုနားထောင်ကြည့်ကြပါဦးနော်။
Commentaires