ဖင်ကြီးမ (ခေါ် ) Supra Mk4 အကြောင်း တစေ့တစောင်း
- Wainay Ya
- Mar 14, 2023
- 1 min read

Toyota Supra ဟာဆိုရင် “The Fast and the Furious” ဇာတ်ကားမှာ မင်းသားကြီး Pual Walkerနဲ့ အတူ လူသိများ လူကြိုက်များခဲ့ပြီး ပြိုင်ကားလောကရဲ့ အသည်းစွဲ sport car တစ်စီးဖြစ်လာခဲ့ပါတယ်။
Toyota ဟာ Mk4 ထုတ်လုပ်မှုကို 2002 ခုနှစ်တွင် ရပ်တန့်ခဲ့သော်လည်း၊ Supra Mk4 ဟာဆိုရင်ဖြင့် ယနေ့အချိန်အထိ စူပါစတားအဖြစ် ရှိနေဆဲဖြစ်ပါတယ်။
စတုတ္ထမျိုးဆက်ဖြစ်တဲ့ Supra Mk4 ဟာဆိုရင် အားကောင်းတဲ့ turbocharged engine ၊ လေခွင်းအား ကောင်းမွန်တဲ့ ကိုယ်ထည်နှင့် 6-speed Getrag ဂီယာတို့ကို ပေါင်းစပ်ထားပါတယ်။
လူကြိုက်အများဆုံးအချက်ကတော့ Mk4 Supra ရဲ့ ဆလင်ဒါခြောက်လုံးတပ် တာဘိုအားသွင်းစနစ်နဲ့ 2JZGTE အင်ဂျင်ပဲဖြစ်ပါတယ်။ အင်ဂျင်က powerful ဖြစ်လွန်းတာကြောင့် Motorsport အဖွဲ့တော်တော်များများရဲ့ အကြိုက်ဆုံးနေရာပါ ယူခဲ့ပါသေးတယ်။
2019မှာတော့ Toyota က 5th Generation အနေနဲ့ Supra Mk5 ဆိုပြီး Model အသစ်ကို ပြန်လည်ထုတ်လုပ်ခဲ့ပါတယ်။ ထို Generation မှာတော့ အားလုံးစွဲမက်ကြတဲ့ Supra Mk4 ရဲ့ body ကောက်ကြောင်းတွေအားလုံး ပြောင်းလဲသွားပါတော့တယ်။
သို့သော် Sport car တို့ရဲ့ ဘိုအေလို့ခေါ်လို့ရနေပြီဖြစ်တဲ့ 4th Generation Supra Mk4 ဟာတော့ ယနေ့အချိန်ထိ မရိုးနိုင်သော စွဲမက်စရာ bodyအလှနဲ့ အားကောင်းလှတဲ့ turbocharged engine ကြောင့် ယနေ့ခေတ်ပေါ် supercar တွေနဲ့ ရင်ဘောင်တန်းကာ ကြမ်းပြီးရင်းကြမ်းနေတုန်းပါပဲ။
ကျွန်တော်တို့ပြိုင်ကား အချစ်တော် ညိုကီတို့ရော Supra Mk4 နဲ့ Mk5 ဘယ်ဟာပိုကြိုက်လဲ? အကြိုက်ဆုံး Sport Car ရှိတယ်ဆိုရင်လည်း ဝင်ရောက်ပြောပြပေးသွားကြပါဦး။
-Nyan Gyi
Comments