top of page

အကြမ်းတကာ့အကြမ်းဆုံး Apple ရဲ့Vision Pro


အကြမ်းတကာ့အကြမ်းဆုံး Vision Pro ကို Apple ကစတင်မိတ်ဆက်ခဲ့လိုက်ပါပြီ။ ဘာတွေကြမ်းတာလဲဆိုတော့ ကမ္ဘာအသစ်တစ်ခုကိုခေါ်ဆောင်သွားနိုင်တဲ့အထိ ကြမ်းတာပါ။

Vision Pro headset ကိုတပ်လိုက်ပြီဆိုတာနဲ့ digital content တွေအားလုံးက ကိုယ့်ဘေးမှာ ဖြစ်ပျက်နေသလို ခံစားရမှာပါ။ ဒီ Vision Pro headset မှာ Camera 12 လုံး Microphone 6 လုံးအပြင် တခြားသောဆန်းသစ်တဲ့ နည်းပညာတွေပါဝင်ပြီး အာရုံခံစနစ်နဲ့ တုန့်ပြန်ချက်တွေကို လုပ်ဆောင်နိုင်မှာပါ။ ကိုယ့်မျက်လုံးကို Tracking တော်တော်ကောင်းမွန်စွာလုပ်ဆောင်နိုင်တယ်လို့လဲ ဆိုကြပါတယ်။ App တွေကိုဖွင့်တဲ့အခါမှာလဲ 3D dimensions နဲ့ လက်ကို click လုပ်ရုံ၊ မျက်လုံးနဲ့ ရွေးချယ်ရုံပါပဲ။

Vision Pro မှာ Admin အကြိုက်ဆုံးကတော့ မျက်လုံးကို Transparent လုပ်ပေးထားပါပဲ။ ဒါကလည်း တကယ့်ကိုယ့်မျက်လုံးကို မြင်နေရတာမျိုးမဟုတ်ပဲ အတွင်းဖက် Camera တွေကနေတဆင့် အပြင်ကို real time ပြပေးနေတာပါ။

နောက်ထပ် အကြွေဆုံးတစ်ခုကတော့ ပုံမှန် headset တွေဆိုရင် တပ်လိုက်တာနဲ့ ကိုယ့်ရှေ့ကမြင်ကွင်းတွေကို Block ထားတာဖစ်လို့ ဘာမှမမြင်ရတော့ပေမယ့် Apple ရဲ့ Vision Pro ကတော့ တကယ့်အပြင်ကမ္ဘာနဲ့ Virtual World ကို အတူယှဉ်တွဲပေးထားတာပါ။

Apple Vision Pro headset ကတော့ $3499 ကျသင့်မှာဖြစ်ပြီး မြန်မာငွေနဲ့ဆို သိန်းတစ်ရာကျော်နိုင်ပါတယ်။ စျေးကြီးနေပေမယ့် ဘယ် VR headset နဲ့မှ ယှဉ်လို့မရနိုင်တာကတော့ အမှန်ပါပဲ။ ကဲ အရမ်းကြမ်းတဲ့အကြောင်းတွေကတော့ ပြောမကုန်ဖြစ်နေလို့ ဒါကတော့ admin အကြွေဆုံးလေးတွေကို highlight လုပ်ပြီး ပြောပြထားတာပါ။

Comments


bottom of page