Drive into the world of "Cyber Punk" Endgerunners
- The Cinema
- Sep 30, 2022
- 2 min read
Updated: Oct 4, 2022
ci-fi Movie တွေကြည့်ပြီး ခေတ်လွန်နည်းပညာတွေနဲ့ နေရာတိုင်းမှာ Hologram တွေပြည့်နေတဲ့ Neon မြို့တော်ကြီးတွေအကြောင်းစိတ်ကူးယဉ်ဖူးလား?

ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စက်ပစ္စည်းတွေနဲ့အစားထိုးပြီး Upgrade လုပ်နိုင်တာတွေ ၊ သဘာဝလွန် Ability တွေကို ငွေနဲ့ပေးပြီးဝယ်လို့ရတာမျိုးတွေ ၊ Chip လေးတွေ ခန္ဓာကိုယ်ထဲထည့်ထားပြီး အရာရာကို Access လုပ်နိုင်မယ့် System တွေနဲ့ ပြည့်နှက်နေတဲ့ အနာဂတ်ကမ္ဘာကြီးဖြစ်လာဖို့ကို မျှော်လင့်ဖူးလား? David Martinez ဆိုတဲ့ ဂျစ်ကန်ကန်ဉာဏ်ကြီးရှင်ကောင်လေးကတော့ ဒီလိုစိတ်ကူးထဲကအရာတွေပြည့်နှက်နေတဲ့ Night City ဆိုတဲ့မြို့ကြီးမှာနေထိုင်နေပါတယ်။ အမေတစ်ခုသားတစ်ခုဖြစ်ပြီး အရမ်းမပြေလည်ပေမယ့် သားဖြစ်သူကို အဆင့်အတန်းမြင့်တဲ့ Arasaka ဆိုတဲ့ ကျောင်းကြီးမှာထားနိုင်ဖို့အတွက် David ရဲ့မိခင်ဟာ နေ့မအား ညမနား အလုပ်တွေလုပ်ပြီး ကြိုးစားရုန်းကန်နေရတာပေါ့။ David ဟာရိုးသားပြီးဉာဏ်လေးကောင်းလို့ ကျောင်းမှာ Top Score တွေရပေမယ့်လဲ နွမ်းပါးတဲ့မိသားစုကလာရတာမို့ ခွဲခြားဆက်ဆံမှုတွေနဲ့ကြုံနေရတာမို့ ဂျစ်ကန်ကန်စရိုက်လေးနဲ့ တခါတရံပြဿနာတွေရှာတတ်တဲ့အခါ သူ့မိခင်အတွက် ပြဿနာအိုးလေးဖြစ်နေရပါတယ် ။ ဒီလိုရိုးသားတဲ့ ဂျစ်ကန်ကန်ကောင်လေးရဲ့ဘဝဟာ တစ်နေ့မှာ တစ်ဆစ်ချိုးပြောင်းလဲသွားဖို့ အကြောင်းဖန်လာတဲ့အခါ .... စိတ်ကူးယဉ်ချင်စရာ တိုးတက်နေတဲ့မြို့ကြီးရဲ့ နောက်ကွယ်က မပြောင်းလဲနိုင်သေးတဲ့ လူတွေရဲ့ ခွဲခြားတတ်တဲ့စိတ်ဓါတ်တွေ ၊ ငွေများငွေနိုင် ငွေမရှိရင် လူရာမသွင်းတဲ့ လူ့ဘောင်အဖွဲ့အစည်းကြီးတွေ ၊ အရာအားလုံးကိုထိန်းချုပ်စောင့်ကြည့်နေတဲ့ System ကြီး စတဲ့အမှန်တရားတွေနဲ့ နဖူးတွေ့ဒူးတွေ့ကြုံလာရတဲ့အခါ David ဟာ ဘယ်လိုလမ်းမျိုးကိုရွေးချယ်သွားမလဲ ဘာတွေကိုကြုံတွေ့လာရမလဲဆိုတာကိုတော့ Cyberpunk : Edgerunners ဆိုတဲ့ Anime(အသံထွက် : အာနီးမဲ / Japanese word for Animation) series မှာမြင်တွေ့ရမှာပါ။
Episode 10 ခုပါရှိတဲ့ Cyberpunk : Edgerunners ဟာ Netflix ကနေ Produce လုပ်ထားပြီး September 13 ကမှ ထွက်ရှိထားတဲ့ Latest Anime တွေထဲကတစ်ခုဖြစ်ပါတယ်။ Cyber Punk 2077 game ကိုအခြေခံထားတဲ့ ဒီ Anime မှာ သွေးသံရဲရဲ Scene တွေ ၊ Nude scene တွေပါဝင်တာကြောင့် Age 17+ Restriction လေးရှိတာကိုတော့ကြိုတင်သတိပေးပါရစေ။ Animation ကို Gurren Lagann, My Hero Academia တို့လို Anime တွေကို တာဝန်ယူခဲ့တဲ့ Studio Trigger ကဆွဲထားတာမို့ လုံးဝ Top Tier ပဲဆိုတာတော့ အာမခံပါတယ်။ Director Hiroyuki Imaishi ကလဲ Neon Genesis Evangelion , Gurren Lagann , Kill la Kill , Star Wars : Visions လို show တွေကို Directing လုပ်ခဲ့တာမို့ ဒီ Series ဟာ Entertainment ကောင်းကောင်းပေးနိုင်မယ်ဆိုတာအမှန်ပါပဲ။တခြား Detail တွေကတော့ online မှာရှာလို့ရတာမို့ ပျင်းစရာကြီးဗျာ.... မပြောတော့ဘူး။
Personal Opinion လေးတွေပြောရမယ်ဆိုရင်တော့ ဒီ series ရဲ့ Soundtrack တွေက သဘောကျဖို့အကောင်းဆုံးပါပဲ။ Opening / Ending song တွေက လဲမိုက် ၊ Anime တွေမှာ ကြားနေကျမဟုတ်တဲ့ English soundtrack တွေသုံးထားတာကလဲ ထူးခြားပြီး သူ့နေရာနဲ့သူအံဝင်ခွင်ကျပါပဲ။ အစပိုင်း episode တွေမှာတော့အနည်းငယ် ဇာတ်ကလေးပေမယ့် ep5 နောက်ပိုင်းကစပြီး action တွေ Struggle တွေနဲ့အတော်လေးကြည့်လို့ကောင်းလာပါတယ်။ Rebecca လို Fan favorite character မျိုးတွေ ၊ Lucy လို အချောလေးတွေ စတဲ့ character တွေကလဲ ဇာတ်လမ်းကိုတထောင့်တနေရာကနေ ပိုပြီးအရသာရှိစေတာအမှန်ပါပဲ...ဟဲဟဲ ။ Cyberpunk 2077 game ဆော့တဲ့သူတွေအတွက်လဲ Anime ထဲက location တွေ Easter egg တွေကို Game ထဲမှာပြန်ရှာနိုင်တာကြောင့် လတ်တလောတအား Hot ဖြစ်နေတာလဲဖြစ်ပါတယ်။
ဒီတော့... ကြမ်းကြမ်းရမ်းရမ်းတွေ ၊ ခေတ်လွန် tech နဲ့ sci-fi vibe တွေကိုကြိုက်တတ်တယ်ဆိုရင်တော့ အမြန်ဆုံးပြေးကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်ဗျ။ Season 2 အနေနဲ့တော့ ထွက်လာဖို့မရှိသလောက်ဖြစ်တာမို့ Season အများကြီးတွေမကြိုက်ပဲ ပေါ့ပေါ့ပါးပါးပဲကြည့်ချင်သူတွေအတွက်ကွက်တိပါပဲ။ ဒါနဲ့.... မမေ့နဲ့နော်... 17+ ဗျ ။
- Sora
コメント