top of page

သင်သတိမထားမိသေးတဲ့ သင့်နှလုံးအကြောင်း

Updated: Sep 30, 2022

နေ့စဥ်ဓူဝမှာ ကိုယ့်ထက်ဝီရိယရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းလေးတစ်ခုရဲ့ လူတွေသတိမထားမိကြတဲ့ အကြောင်းရာလေးတွေကို ဝေနေယျပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်






1. သင့်ရဲ့နှလုံးဟာ သင့်ရဲ့လက်သီးအရွယ်လောက်ပဲရှိပါတယ်

2. အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့နှလုံးအလေးချိန်ဟာ 9အောင်စ မှ 12အောင်စ ( 250g မှ 350g ) ခန့်တွင် ရှိကြပါတယ်

3. နှလုံးသည် တစ်နေ့လျှင် အကြိမ် 10000 ခန့် (တစ်သက်တွင် အကြိမ် 3 ဘီလီယံ )လောက်ထိ ခုန်ကြပါတယ်

4.အရွယ်ရောက်ပြီးသူရဲ့ နှလုံးက တစ်မိနစ်လျှင် အကြိမ် ၆၀ မှ ၈၀ ခန့်ခုန်ကြပါတယ်

5. မွေးကင်းစကလေးငယ်လေးတွေရဲ့ နှလုံးခုန်နှုန်းဟာ တစ်မိနစ်မှာ အကြိမ် 70 မှ 190 ထိခုန်ကြပါတယ်

6. နှလုံးသည် တစ်နေ့ကို ခန္ဓာကိုယ်အနှံ့ကို သွေး 6 Litre (5.7 L) ခန့် ညှစ်ထုတ်ပါတယ်

7. နှလုံးသည် ရင်ဘတ်၏ အလယ်ဗဟိုမှာ တည်ရှိပြီး များသောအားဖြင့် ဘယ်ဘက်သို့ အနည်းငယ် ညွန့်ကိုင်းနေကြပါတယ်

8. သင့်နှလုံးသည် သင့်ရင်ဘတ်တွင် တည်ရှိပြီး သင့်နံရိုးများနဲ့ လှောင်အိမ်သဖွယ် ကောင်းစွာကာကွယ်ထားပါတယ်

9. နှလုံးဟာ ထရပ်ကားတစ်စီးကို တစ်နေ့မှာ မိုင် 20 လောက်မောင်းနှင်နိုင်တဲ့ စွမ်းအင်ရှိပါတယ်

10. နှလုံးမှာ သူ့ရဲ့ကိုယ်ပိုင်လျှပ်စစ်တွန်းအားရှိတာကြောင့် အောက်ဆီဂျင်လုံလောက်စွာရရှိနေသရွေ့ ခန္ဓာကိုယ်ထဲမှာ မရှိတော့ရင်တောင် ဆက်လက်ခုန်နိုင်ပါသေးတယ်

11." ဒုတ် ဒုတ် " နှလုံးခေါ်သံဟာ နှလုံးအဆို့ရှင်လေးခုကနေ ဖွင့်လိုက်ပိတ်လိုက်တဲ့ အသံတွေဖြစ်ပါတယ်

12. သန္ဓေသားဘဝ အသက် (4ပတ်) အရွယ်ကတည်းက နှလုံးစခုန်ပြီးတော့ မသေမချင်း တောက်လျှောက်ခုန်ပါတယ်

13. အမျိုးသမီးတစ်ဦးရဲ့ နှလုံးက ပုံမှန်အားဖြင့် အမျိုးသားများထက် ပိုမြန်ပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသားတစ်ဦးရဲ့ နှလုံးက တစ်မိနစ်မှာ အကြိမ် ၇၀ ခန့် ခုန်နေပြီး ပျမ်းမျှအမျိုးသမီးတစ်ဦးက တစ်မိနစ်မှာ နှလုံးခုန်နှုန်း ၇၈ ကြိမ်လောက်ရှိပါတယ်

14.တင်းနစ်ဘောလုံးတစ်လုံးကို ဆုပ်ကိုင်ပြီး တင်းတင်းကျပ်ကျပ် ညှစ်လိုက်သလိုပဲ နှလုံးသွေးညှစ်တိုင်း နှလုံးက ပြန်ရုန်းပြီး ကျုံ့လိုက် ဆန့်လိုက် လုပ်ပါတယ်

15. လူ့ပျမ်းမျှသက်တမ်းတစ်လျှောက်မှာ နှလုံးကသွေးစည်ပေါင်း ၁.၅ သန်းနီးပါးကို ညှစ်ထုတ်ပြီး ယေဘူယျအားဖြင့် ရထားတိုင်ကီအစီး ၂၀၀ လောက်ထိဆန့်ပါတယ်

16. ပြင်သစ်ဆေးပညာရှင် Rene Laennec (1781-1826) သည် သူ့နားကို အမျိုးသမီးလူနာများ၏ ရင်ဘတ်ပေါ်တွင် ကပ်ထား၍ နှလုံးကိုစမ်းသပ်ရန် မသင့်တော်ဟု ယူဆသောကြောင့် နားကြပ်ကို တီထွင်ခဲ့ပါတယ်

17. 1903 ခုနှစ်တွင် ဇီဝဗေဒပညာရှင် Willem Einthoven (1860-1927) က နှလုံးအတွင်းလျှပ်စီးကြောင်းကိုတိုင်းတာနိုင်တဲ့ electrocardiograph ကိုတီထွင်ခဲ့ပါတယ်

18. 1967 ခုနှစ် ဒီဇင်ဘာလ 3 ရက်နေ့မှာ တောင်အာဖရိကမှ ဒေါက်တာ Christian Barnard (1922-2001) က Louis Washansk ရဲ့ ခန္ဓာကိုယ်ထဲသို့ လောလောလတ်လတ်သေဆုံးထားသူရဲ့ နှလုံးကို အစားထိုးပေးခဲ့ပါတယ်။ လက်ခံသူက 18 ရက်သာအသက်ရှင်ခဲ့ပေမယ့်လည်း ဒီဖြစ်စဥ်ကပထမဆုံးအောင်မြင်သောနှလုံးအစားထိုးကုသမှုဖြစ်တယ်လို့ ယူဆလို့ရပါတယ်

Comments


bottom of page