ပြင်ဆင်လို့မရတဲ့အရာတွေအမှားတွေကိုလက်ခံပြီးကိုယ့်ကိုကိုယ်ခွင့်လွတ်ပါ လက်ခံပါ
- Wainay Ya
- Mar 14, 2023
- 1 min read

အတိတ်မှာလည်းမနေနဲ့ အနာဂတ်မှာလည်းမနေပဲ လက်ရှိကာလမှာပဲအကောင်းဆုံးနေထိုင်ပါ ကျွန်မတို့တွေက အခုလက်ရှိပစ္စုပ္ပန်ထက် အတိတ်ကအကြောင်းအရာတွေထဲ၊ အမှားတွေထဲ၊ နောင်တရစရာတွေထဲမှာ အတွေးတွေကတဝဲလည်လည်နဲ့ ပိတ်မိနေတတ်ကြပါတယ်။
"အဲ့တုန်းက ငါအဲ့လိုသာမလုပ်ခဲ့ရင်၊ ငါကြောင့်သာမဟုတ်ရင်၊ ငါမကောင်းခဲ့လို့" စသဖြင့် ကိုယ့်ကိုကိုယ်ပြန်ပြောမိနေရင်းပေါ့။ သူများက ကိုယ့်ကိုမကောင်းပြောတာထက် ကိုယ့်ဘာကိုပြန်ပြောမိနေတဲ့ negative self-talk တွေကသာ ပိုကြောက်စရာကောင်းပါတယ်။ ---------------------------------------------
Everything happens for a reason ဆိုသလိုပါပဲ။ မှားခဲ့လဲ မှားတာကိုသိပြီး သင်ခန်းစာယူပြီး Move on လိုက်။ ပျော်စရာရှိရင်ပျော်လိုက်၊ ငိုချင်စရာကို ငိုပြီးရင်လဲထားခဲ့လိုက်။ နေရာတခုထဲမှာရပ်မနေဖို့လိုတယ်။ Let Go လုပ်တတ်ဖို့လိုတယ်။
ဖြစ်ခဲ့သမျှတွေအတွက် ကိုယ့်ကိုကိုယ် ခွင့်လွှတ်တတ်သွားရင်၊ လက်ခံနိုင်သွားရင် စိတ်ကလေးငြိမ်းချမ်းသွားမှာပါ။ ----------------------------------------------
Whatever you're thinking right now, STOP! Just stop. အပြင်ကိုကြည့်လိုက်ပါဦး။ သစ်ရွက်ကလေးတွေလှုပ်နေတာတွေ့လား? ကောင်းကင်မှာရော တိမ်လေးတွေဘယ်လိုလဲ? လေတိုက်လိုက်တိုင်း ကိုယ့်အသားကိုလာထိတဲ့ ခံစားချက်ကိုရော သတိထားမိလား? ရာသီဥတုအခြေနေရောဘယ်လိုလဲ? သဘာဝတရားကြီးနဲ့ထိတွေ့ပြီးစိတ်ရောလူပါhealဖြစ်သွားတဲ့ခံစားမှုကိုခံစားကြည့်ပါ
ခုပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲ၊ ကိုယ့်ခံစားချက်တွေရောဘယ်လိုဖြစ်နေလဲ၊ ဘာတွေတွေးမိနေတာလဲ ဆိုတာကို "သိ" နေခြင်းက ပစ္စုပ္ပန်မှာနေထိုင်ခြင်းဆိုတာရဲ့ ပထမအဆင့်ဖြစ်ပါတယ်။ ဘုရားဟောခဲ့တဲ့ ပစ္စုပ္ပန်ကိုပဲတည့်တည့်ရှုပါ ဆိုတာ ဒါပါပဲ။
Be yourself first. ကိုယ့်ကိုကိုယ်ချစ်ပါ ကိုယ့်ဆီမှာအချစ်မရှိပဲ တစ်ပါးသူဆီမှာအချစ်တွေပေးထားမိနေလား? သူ များဆီကရတဲ့အငှားပျော်ရွင်မှုနဲ့ဘဝရှေ့မဆက်ပါနဲ့သူများဆီကအချစ်ခံဖို့စောင့်မနေပဲ ကိုယ့်ချစ်ခံစေချင်သလိုကိုယ်ဟာကိုချစ်ပေးလိုက်ပါ #Aster
Comments