"ပရိတ်သတ်တွေနဲ့ Insta Live မှာ ပထမဆုံးပြန်တွေ့မယ့် Chanyeol "
- The Cinema
- Sep 30, 2022
- 1 min read
Updated: Oct 4, 2022
ဒီနေ့မှာတော့ စစ်မှုထမ်းပြီး ရက်ပေါင်း (၅၄၉ ) ရက်ကျော်လွန်ပြီးနောက် ပရိတ်သတ်တွေထံပြန်လည်ရောက်ရှိလာတဲ့ EXO အဖွဲ့ဝင် Chanyeol အကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်ဗျ။

ချန်းယောလ်ဟာ 2021ရဲ့ March လ 28 ရက်နေ့မှာ ကိုရီးယား နိုင်ငံ့တာဝန်စတင်ထမ်းဆောင်ခဲ့ပါတယ်။ Goyang si မှာရှိတဲ့ ခြေလျှင်တပ် "White Horse" တပ်ခွဲရင်း၉ ၊တပ်မ နံပါတ်၃၊ တပ်စု နံပါတ် ၂ မှာ နံပါတ်စဥ် ( ၁၁၀ ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ Trainee Camp ဝင်ချိန်မှာတော့ ချန်းယောလ်ဟာ အသက်အကြီးဆုံး သင်တန်းသားဖြစ်ပြီး ညီလေးတွေရဲ့ လေးစား သဘောကျရတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။
Talented person ဖြစ်ပြီး လူချစ်လူခင်ပေါတဲ့ သူတစ်ယောက်ဖြစ်တာကြောင့် နိုင်ငံ့တာဝန်ထမ်းဆောင်နေချိန်မှာလည်း ချန်းယောလ်ရဲ့ ဂုဏ်သတင်းဟာ မွှေးပျံ့ခဲ့ပါတယ်။ တပ်ထဲမှာတော့ ချန်းယောလ်လီဟာ ထမင်းချက်တာဝန်ကိုလည်း ယူခဲ့ပါတယ်။
အခြေခံ လေ့ကျင့်ရေး ၅ပတ်ကြာပြီးဆုံးချိန်မှာတော့ထူးချွန် စံပြဆုကို ရရှိခဲ့ပါတယ်။ ဒီဆုကတော့ အခြေခံလေ့ကျင့်ရေးပြုလုပ်နေချိန် တာဝန်မှန်သမျှကို ဂရုတစိုက်နဲ့ သေချာလိုက်လုပ်ပြီး အောင်မြင်တဲ့အတွက် ပေးအပ်ခြင်းခံရတာပဲ ဖြစ်ပါတယ်။ စံပြဆုရရှိသူ စစ်သားအယောက် ၂၅၀ အတွင်းမှာ ချန်းယောလ်က ၅ယောက်မြောက် ရရှိခဲ့ခြင်းဖြစ်ပါတယ်။
2021 ရဲ့ June 1 ရက်နေ့မှာတော့ ချန်းယောလ်ဟာ private first class solider အဖြစ် ရာထူးတိုးမြင့်ခဲ့ပါတယ်။ နိုင်ငံ့တာဝန် ထမ်းဆောင်နေစဉ် (၆)လအတွင်းမှာ တပ်စုရဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။
ချန်းယောလ်လီဟာ " White Horse 9th Division" တွက် တာဝန်ပေးအပ်ခြင်း ခံရပြီး Physical Challenge စစ်ဆေးမှုများစွာကို ကျော်ဖြတ်ကာ "Special Warrior" ဆိုတဲ့ တံဆိပ်ကို လည်းရရှိခဲ့ပါတယ်။
Mayလပိုင်းမှာတော့ Musical အတွက် Audition ဝင်ပြိုင်ခဲ့ပြီး Lead Role ဖြစ်တဲ့ Laman နေရာမှာ ပွဲစဥ်ပေါင်း ( ၁၅၁ ) ပွဲတိတိ ပါဝင် သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ 2022 မေ (1) ရက်နေ့မှာတော့ တပ်ကြပ်ရာထူးကို တစ်လတိတိ စောတိုးပြီး ရရှိခဲ့တာဖြစ်ပါတယ်။ July လမှာဆိုရင်တော့ ချန်းယောလ်ဟာ အဖွဲ့ရဲ့ rifleman အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်လို့ ပြောခဲ့ပါသေးတယ်။အဖိုးအရင်းဖြစ်သူ တာဝန်ကျခဲ့တဲ့ Division မှာပဲ ချန်းယောလ်လီဟာ တာဝန်ထမ်းဆောင်ခဲ့ရတာဖြစ်လို့ သူ့အတွက် ဂုဏ်ယူစရာဖြစ်ခဲ့ရပါတယ်။
တာဝန်ထမ်းဆောင်ပြီး ပြန်ရောက်လာခဲ့တဲ့ ချန်းယောလ်ဟာ ဒီနေ့ (29)ရက်နေ့မှာတော့ သူ့ရဲ့ Instagram အကောင့်မှာ Live ရှိပါမယ်။ (9:00)PM KST ဖြစ်ပြီး မြန်မာစံတော်ချိန်ဆိုရင်တော့ (6:30)PM ပဲဖြစ်ပါတယ်။
Youtube Live ကိုတော့ EXO Channel မှာ October 6 ရက် (7:00) PM KST အချိန်မှာ ရှိမှာဖြစ်လို့ ပြောချင်တာတွေ၊ မေးချင်တာတွေရှိရင် အောက်က Link လေးထဲဝင်ပြီး Sep (30) နောက်ဆုံးထားပြီး ရေးလို့ရပါတယ်ဗျ။
Link - naver.me/5xnq4uKj
~မြူ
Comments