top of page

သက်ရှိ Brand တစ်ခုဖြစ်လာတဲ့ G Dragon

Updated: Oct 4, 2022

ဒီနေ့မှာတော့ လွှမ်းမိုးမှုကြီးမားတဲ့ Star တစ်ယောက်အကြောင်း ဝေနေယျရဲ့ပရိသတ်တွေကို တင်ပြချင်ပါတယ်။





G-Dragon လို့ဆိုလိုက်တာနဲ့ Kpop နဲ့ရင်းနှီးပြီးသားသူ တော်တော်များများရဲ့မျက်လုံးထဲမှာတော့ အမြဲတမ်း Fashion ကျကျနေတတ်တဲ့ ခပ်ချောချော Star တစ်ယောက်ကို အလိုလိုမြင်ယောင်မိလာမယ်ထင်ပါတယ်။

Bigbang အဖွဲ့ရဲ့ Leader အနေနဲ့ 2006 ခုနှစ်ကတည်းက စပြီး Debuted လုပ်ခဲ့တဲ့ G-Dragon ဟာ ဆယ်စုနှစ်ကိုကျော်လွန်လာတဲ့ ကာလတစ်ခုအတွင်းမှာ ဘယ်လိုအနေအထားမျိုးအထိ ရောက်ရှိခဲ့ပြီလဲဆိုရင် Rapper,Singer,Songwriter စသဖြင့် များပြားလှတဲ့ဂုဏ်ပုဒ်တွေနဲ့အတူ Music Industry သာမက Fashion Industry ကပါ စောင့်ကြည့်နေရတဲ့ Iconic Star တစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။


GD ကတော့ အင်တာဗျူးတွေမှာ ပွဲဦးမထွက်ခင် Training ကာလတုန်းက ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်ချိန်တွေကို ကျော်ဖြတ်ခဲ့ရကြောင်း ရယ်ရယ်မောမောပြောပြလေ့ရှိပေမယ့် ပွဲဦးထွက်ပြီးသိပ်မကြာ 2009 ခုနှစ်မှာပဲ Solo Album စတင်ထွက်ရှိခဲ့ပြီး ဝက်ဝက်ကွဲလည်းအောင်မြင်ခဲ့ပါတယ်။ အဲဒီနောက်မှာလည်း Member ဝင်တွေနဲ့အတူ GD & TOP, GD x Taeyang အစရှိတဲ့ Collaboration တွေလုပ်ပြီး အောင်မြင်မှုနဲ့အတူ ဆုပေါင်းများစွာကိုလည်း သိမ်းပိုက်ခဲ့ပါသေးတယ်။ ဥပမာ တစ်ခုပြောရရင် တီးလုံးသံအစလေးကြားတာနဲ့ ကျွန်တော်တို့အလိုလို နားစွင့်မိတဲ့ Good Boy သီချင်းလိုပေါ့။


အဲဒီလို လူကြိုက်များတဲ့ သီချင်းတွေကိုဖန်တီးခဲ့တဲ့ GD ဟာ သီချင်းအပုဒ်ရေ တစ်ရာကျော်ကို ရေးစပ်ခဲ့တယ်လို့လည်း သိရပါတယ်။ Music Video တစ်ပုဒ် ဖန်တီးပြီဆိုရင်လည်း သူ့စိတ်တိုင်းကျ Concept ကိုသေသေချာချာထုတ်ပြီး ထောင့်စေ့အောင် အာရုံစူးစိုက်ဖန်တီးတတ်ပါသေးတယ်။


နောက်ပြီး ဂီတအပြင် GD ရဲ့အခြားသော ခြေလှမ်းတွေအနေနဲ့ကတော့ သူ့ရဲ့ကိုယ်ပိုင် Brand ဖြစ်တဲ့ Peaceminusone ကိုဖန်တီးခဲ့တာဖြစ်ပြီး ဆန်းသစ်တဲ့ အနုပညာလက်ရာတွေကို ပရိသတ်နဲ့ထိတွေ့ခွင့်ပေးခဲ့သေးတာလည်း ဖြစ်ပါတယ်။ အဲဒီထဲကမှ အောင်မြင်မှုအများဆုံးတစ်ခုကတော့ ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ Nike နဲ့ Peaceminusone Collaboration လုပ်ခဲ့တာပါပဲ။


လက်ရှိအချိန်မှာ Solo Comeback မလာတာ ကြာမြင့်နေတဲ့ အနုပညာရှင်တစ်ယောက်ဆိုပေမယ့် ရှိရှိသမျှမီဒီယာတွေရဲ့ စောင့်ကြည့်ခြင်းကိုခံနေရတဲ့ အနုပညာရှင်မျိုးကတော့ ရှား​ကောင်းရှားပါလိမ့်မယ်။ GD ရဲ့ Airport Fashion,GD တင်တဲ့ Instagram post,GD အိမ်မှာရှိတဲ့ အနုပညာလက်ရာတွေ၊ ပန်းချီကားတွေ စသဖြင့် G-Dragon သာဆိုရင် ဘာပဲလုပ်လုပ် စိတ်ဝင်တစား စောင့်ကြည့်နေသလား လို့တောင် ထင်ရနိုင်ပြီး မကြာခဏလည်း Dating Rumour ထွက်လာတတ်ပါသေးတယ်။ ဒါပေမဲ့ GD ကတော့ ဘယ်သူနဲ့ တွဲခုတ်နေတယ်ဆိုတာကို တိတိကျကျကြေညာတာမျိုး မရှိခဲ့သေးပါဘူး။


ဂီတခရီးလမ်းမှာ ၁၆ နှစ်တာ ကာလကျော်လွန်လာတဲ့နောက် Artist တွေ Songwriter တွေရဲ့ Inspiration ယူစရာ တစ်ခုအဖြစ် သတ်မှတ်ခြင်းကိုတောင် ခံလာရတဲ့ GD ဟာ Brand တွေရဲ့ Brand တစ်ခု ဖြစ်လာခဲ့ပြီမို့ ဘာတွေကိုများဆက်ပြီးဖန်တီးဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ပဲဖြစ်ပါတယ်။


-Erik

Comments


bottom of page