top of page

AI (Artificial Intelligence)


AI (Artificial Intelligence) လို့ ကျွန်တော်တို့သိထားကြတဲ့ ‘ဉာဏ်ရည်တု’နည်းပညာဟာ အရှိန်ပြင်းပြင်းနဲ့ တိုးတက်မှုတွေအများကြီးရှိလာတယ်ဆိုတာ အားလုံး မြင်တွေ့ကြားသိမှာပါ။ လတ်တလော Social Media Platform ‌တွေ၊ သတင်းမီဒီယာကဏ္ဍတွေမှာ ပြောစမှတ်များနေကြတာလည်း AI ရဲ့တိုးတက်ကောင်းမွန်လာမှုတွေပါပဲ။

AI နဲ့ Drawing, Code အလိုအလျှောက် ရေးပေးတဲ့ GitHub Copilot, စာကနေ Art ပြောင်းပေးတဲ့ Stable Diffusion, တေးသီချင်းဖန်တီးတာ၊ သိလိုသမျှ မေးမြန်းပြောဆိုနိုင်တာ တို့အပြင် Autopilot စနစ်ပါ ကားတွေ၊ ဉာဏ်ရည်တု Robot တွေ၊ နေ့စ‌ဉ် သုံးစွဲနေကြတဲ့ အချို့သော Electronic ပစ္စည်းတွေ စသဖြင့် များပြားလှတဲ့ လူသားတွေအတွက် အသုံးဝင်မှုတွေဟာ အရှိန်ပြင်းစွာ ရှေ့ဆက်နေတဲ့ AI ရဲ့ ပြယုဂ်တွေပါ။

2022 နှစ်ကုန်ခါနီးလောက်မှာ Launched ခဲ့ပြီး (၅)ရက်အတွင်း သုံးစွဲသူ 1 Million ခန့်ထိ ရှိခဲ့အောင် ကြမ်းပြခဲ့တဲ့ ChatGPT ကတော့ AI နဲ့ပတ်သက်လို့ လတ်တ‌လော Hot အဖြစ်ဆုံးပဲ ပြောရပါမယ်။ ကိုယ်သိချင်၊ မေးချင်တဲ့ အကြောင်းအရာတွေကို ဂုရုကြီး Google တို့ထက်ကို ဩချယူရလောက်အောင် Detail ကျကျ ရှင်းပြ၊ပြောပြပြီး ‌အဖြေပေးနိုင်တဲ့ AI မျိုးပါ။ Chat.openai.com မှာ သူဘယ်လောက်ကြမ်းပြနိုင်ကြောင်း ကိုယ်တိုင်စမ်းသပ်ကြည့်နိုင်ပါတယ်။ Google ကတောင် ChatGPT လိုမျိုး Alternate Home Page တစ်ခု စမ်းသပ်နေပြီး မကြာခင်မှာ ‘Google Bard’ဆိုတဲ့အမည်နဲ့ launch သွားမှာဖြစ်ကြောင်း သတင်းအချို့တွေ့နေရပါပြီ။ အောက်က Comment မှာလည်း AI ကဖန်တီးပေးထားတဲ့ Song ဆိုပြီး Musicianတွေကိုယ်တိုင်တောင် အံ့ဩစွာ ရိုက်ကူးထားတဲ့ Reaction Video တစ်ပုဒ်ကို နမူနာအနေနဲ့ တင်ထားပေးပါတယ်။

နိဂုံးချုပ်အနေနဲ့ AI ဆိုတာ လူ့ဘောင်အသိုင်းအဝိုင်း၊ အရာအားလုံးနီးပါးအတွက် အကျိုးရှိရှိအသုံးချနိုင်စေဖို့ ကောင်းမွန်တဲ့ Creation တစ်ခုဖြစ်ပြီး အနာဂတ်မှာ ဆက်လက်တိုးတက်သွားအုံးမှာလည်း မြေကြီးလက်ခတ်မလွဲပါပဲ။ Ref: Internet ---------------------------- အခုလို Knowledge Sharing အကြောင်းအရာတွေ နဲ့ သုတ၊ ရသ အစုံကို မကြာခဏ ဝေမျှ ပေးသွားမှာဖြစ်လို့ “ဝေနေယျ” Page လေးကို Like and Share နဲ့ကူညီပေးသွားနိုင်ပါတယ်ခင်ဗျာ။ (STAY SAFE & STAY STRONG EVERYONE) ချစ်ခြင်းအားဖြင့်... Zam

Comments


bottom of page