top of page

BDSM Play တဲ့အခါ Safe Word ဘယ်လိုပေးမလဲ


ဒီစာကိုဖတ်မယ့်သူတွေထဲမှာ BDSM Play နေတဲ့သူတွေရှိလား...ဒါမှမဟုတ် တစ်ချိန်ချိန်မှာ play ဖို့ကြိုးစားနေတဲ့သူတွေရှိလားတော့မသိဘူး။ တကယ်လို့ ရှိနေခဲ့မယ်ဆိုရင်တော့ ဘာရယ်မဟုတ်ဘူး။ ဒီစာလေးကိုနည်းနည်းဖတ်ကြည့်ပါပေါ့။


ပထမဦးဆုံးစပြောရမယ်ဆိုရင်တော့ Safe Word ဆိုတာဘာလဲဆိုတဲ့ နေရာကစရမှာပါပဲ။ BDSM Play တဲ့ နေရာမှာ Safe Word ဆိုတဲ့အရာကတော့ သည်းမခံနိုင်တော့တဲ့ limit တစ်ခုကိုရောက်နေပြီ ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်စေတဲ့ စကားစုတစ်ခုပါပဲ။ တစ်နည်းပြောရရင် ကိုယ့်ရဲ့ပါတနာက safe word ကိုသုံးလာပြီဆိုရင် ကိုယ်ကအရာအားလုံးကို အမြန်ဆုံး ရပ်ရမယ်ဆိုတဲ့ သဘောပေါ့။


ကဲ ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့စိတ်ကူးနဲ့ပဲ ပုံဖော်ကြည့်ရအောင်။ ကိုယ်နဲ့ ကိုယ့်ပါတနာက နှစ်ဦးနှစ်ဖက်သဘောတူညီစွာနဲ့ပဲ အချိန်ကောင်းတစ်ခုကို ဖန်တီးနေတယ်ဆိုစေတော့။ သူက နှစ်​ယောက်ကြားမှာသတ်မှတ်ထားခဲ့တဲ့ Safe Word ကိုပြောလာခဲ့ပြီဆိုရင်တော့ သင့်ဘက်က လုပ်ဆောင်သမျှအရာအားလုံးကို အနှေးနဲ့အမြန်ရပ်ပစ်ရမှာပါပဲ။ တစ်ဖက်လူအနေနဲ့ အဲဒီ Safe Word ကိုထုတ်ပြောလာတယ်ဆိုတာက သူ့ဘက်ကတတ်နိုင်တဲ့ Confort Zone တစ်ခုကို ကျော်လွန်သွားလို့ပဲ ဖြစ်ပါတယ်။


ဒါဆိုရင် ကောင်းမွန်တဲ့ Safe Word တွေကရော ဘာတွေဖြစ်မလဲ..ဘာကြောင့်လဲဆိုရင်တော့


Safe Word တစ်ခုကိုရွေးချယ်တဲ့နေရာမှာ မရွေးချယ်သင့်ဆုံးစကားလုံးကတော့ မြန်မာလိုဆို "ဟင့်အင်း ရပ်တော့" English လို ခပ်တိုတိုပြောရရင်တော့ "Stop" ပေါ့...။ တကယ်တမ်းတော့ အဲဒီစကားလုံးက Safe Word ရွေးချယ်တဲ့နေရာမှာ မသုံးသင့်တဲ့စကားလုံးတွေထဲ ပါပါတယ်။ အဲဒီစကားလုံးက တစ်ဖက်လူကိုနားလည်မှုလွဲသွားစေနိုင်တဲ့ စကားလုံးမျိုးဖြစ်နေလို့ပါပဲ။ ဥပမာ ကိုယ်က Stop လို့ပြောလိုက်ပေမယ့် တစ်ဖက်လူက Don't Stop လို့ပဲ ကြားနေတာမျိုးပေါ့။ အဟဲ...။ ဒါကြောင့်အဲဒီစကားလုံးမျိုးကတော့ ရှောင်သင့်တဲ့အထဲပါပါတယ်။


အဲဒါကြောင့် Safe Word ရွေးချယ်တဲ့နေရာမှာ ပိုပြီးသုံးသင့်တဲ့စကားလုံးတွေကတော့ နေ့စဥ်ဘဝထဲမှာ သိပ်ပြီးသုံးလေ့မရှိတဲ့ စကားလုံးမျိုးတွေကိုရွေးသင့်ပါတယ်။ အဲဒါကို တစ်ချို့က "Banana" တို့ "Unicorn" တို့ရွေးချယ်သင့်တယ်လို့ အကြံပေးပါတယ်။ ဘာကြောင့်လဲဆို အဲဒါတွေက Sex ကိစ္စနဲ့သက်ဆိုင်တဲ့စကားလုံးမျိုးတွေမဟုတ်လို့ပါတဲ့။ ဒါပေမဲ့ကျွန်တော်ကတော့ အဲဒီစကားလုံးတွေကလည်းသိပ်စွံတယ်မထင်မိပါဘူး။


နောက်ထပ်ပြောရရင် Safe Word တွေထဲ ရေပန်းစားတဲ့ စကားလုံးအမျိုးအစားကတော့ Traffic Light System ပဲ ဖြစ်ပါတယ်။ အဲဒီထဲမှာတော့ Green,Yellow,Red ရယ်လို့ရှိပြီး Green ဆိုတာတော့ အဆင်ပြေတယ်။ အခုအတိုင်းလေးပဲ ဆက်သွားနေနိုင်တယ်ဆိုတဲ့အဓိပ္ပါယ်မျိုးဖြစ်ပါတယ်။ Yellow ဆိုတာကတော့ Limit ကျော်လွန်တော့မယ် ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပြီး Red ဆိုရင်တော့ ဒါ အားလုံးကိုချက်ချင်းရပ်ပစ်ပါတော့ဆိုတဲ့ အဓိပ္ပါယ်မျိုးဖြစ်ပါတယ်။


ဒါကို တစ်ချို့တွေကတော့ ပိုပြီးဆန်းသစ်တဲ့နာမည်လေးတွေ ပေးလေ့ရှိသလို Celebrity တွေရဲ့နာမည်တွေကိုလည်းပေးလေ့ရှိပါတယ် တဲ့။ ဒီတစ်ချက်ကိုတော့ ကျွန်တော်ကမထောက်ခံပါဘူး။ ဘာလို့လဲဆို ခင်ဗျားတို့ပဲစဥ်းစားကြည့်ပါဗျာ...။ လိင်ဆက်ဆံနေတုန်းမှာ တစ်ဖက်ပါတနာက ရုတ်တရက်ကြီး စိုင်းစိုင်းခမ်းလှိုင်တို့၊ ဂျက်စတင်ဘီဘာတို့ ထအော်နေရင် မခက်ပေဘူးလား။


ဟဲဟဲ စတာပါ။ ဆက်ပြောရရင် ဒီလို Safe Word တွေကို ဘယ်အချိန်မှာထုတ်သုံးသင့်သလဲဆိုရင် ကိုယ့်ဘက်က အဆင်မပြေတော့တဲ့ အခြေအနေမျိုးရောက်ရင်ထုတ်သုံးနိုင်ပါတယ်။ အဲဒီလိုကိုယ့်ဘက်က ထုတ်သုံးတဲ့အခါမှာလည်း တစ်ဖက်လူက အလိုက်တသိရပ်တန့်ပေးဖို့လိုပါတယ်။ ဒါမှလည်း အဲဒါက ပျော်စရာကောင်းတဲ့ Play Session လေးတစ်ခုဖြစ်လာမှာပါ။ BDSM မှာကလည်း စည်းနဲ့ကမ်းနဲ့ သူ့ Rule နဲ့သူရှိတာကြောင့် အဲဒီစည်းကမ်းတွေကိုလိုက်နာမှသာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတွေ၊ တန်ဖိုးထားမှုတွေကတိုးလာမှာဖြစ်ပါတယ်။


ကဲ.. ဒီစာကိုဖတ်နေတဲ့ ကိုယ်လူတို့ရော BDSM Play ခဲ့ရင် ဘယ်လို Safe Word မျိုးကိုရွေးချယ်မလဲ..။ ပြီးတော့ ကိုယ်ကရော Safe Word ကိုပြောမယ့်သူလား နားထောင်မယ့်သူလား...ဒါတွေကို Comment မှာဖြေခဲ့ကြပါဦး...ပျော်ပျော်ပါးပါးပေါ့...။


ကျွန်တော် Erik ကတော့ ပါတနာမရှိလို့ ခင်ဗျားတို့ Comment တွေကိုပဲ ထိုင်ကြည့်နေရမယ့်သူပါခင်ဗျာ...။


See U Later

By Erik

Comments


bottom of page