Beginnerလေးတွေအတွက်အရိုးရှင်းဆုံးskin care steps 4မျိုး🥰
- The Cinema
- Oct 10, 2022
- 1 min read
ဒီနေ့မှာတော့ sharing လုပ်ပေးသွားမယ့်အကြောင်းရာလေးကတော့ skinကိုအခုမှစcareမဲ့ ဆယ်ကျော်သက်လေးတွေအတွက်ရော,
skin care step တွေအရမ်းများပြီးဘာstepတွေအဓိကသုံးရမှန်းမသိတော့တဲ့ မမ,ကိုကိုတို့အတွက်ရော,
ကဲပြီးတော့ ဘတ်ဂျက်ချွေတာဖို့အတွက် အဓိက skincare stepလေးတွေပဲသုံးတော့မယ်လို့ရည်ရွယ်ထားသူတွေအတွက်ရောအတွက် အရိုးရှင်းဆုံးနဲ့အလိုအပ်ဆုံး skin care steps လေးတွေကိုဖော်ပြလိုက်ရပါတယ်

1.Cleanser မနက်မိုးလင်းတာနဲ့စသုံးဖြစ်တဲ့အရေးကြီးဆုံး stepလေးပေါ့ မျက်နှာသစ်တဲ့အခါကိုယ့်skin type နဲ့ အဆင်ပြေဆုံးFacial cleanser/foam ကိုရွေးချယ်တတ်ဖို့လိုပါတယ် သုံးတဲ့ခါလဲ cleanser cream လေးကို လက်ပေါ်မှာရေအနည်းငယ် နဲ့ အမြှုပ်ထွက်အောင်လုပ်ပြီးမှ မျက်နှာလေးကိုသစ်ပေးပါနော် 2.Toner မျက်နှာသစ်ပြီးရုံနဲ့မျက်နှာလေးက အညစ်ကြေးတွေ မပြောင်နိုင်သေးဘူးနော် မျက်နှာအရေပြားအတွင်းပိုင်းထိ အညစ်ကြေးဖုန်မှုန့်လေးတွေကင်းစင်ဖို့ Toner လေးကို Cotton pad လေးနဲ့ အတူ ဖြည်းဖြည်းဆီပွတ်လိမ်းသင့်ပါတယ် တချို့ကတော့လက်နဲ့ပဲသုံးတတ်ကြတယ် သို့သော် cotton pad လေးနဲ့သုံးတဲ့အခါ အညစ်ကြေးလေးတွေက cotton pad လေးတွေထဲပါလာတာကိုတွေ့မြင်ကြမှာပါ။ အဲ့လိုသုံးခြင်းဖြင့် နောက်ထပ်လိမ်းမဲ့ skin care step လေးတွေဟာ မျက်နှာအတွင်းပိုင်းထိစိမ့်ဝင်နိုင်ပြီး အကျိုးအာနိသင် ပိုမိုရရှိနိုင်မှာဖြစ်ပါတယ် 3.Moisturizer ကိုယ်တွေရဲ့ skin လေးတွေဟာနေ့စဥ်နေ့တိုင်း ရေဓါတ်နဲ့ အစိုဓါတ်လေးတွေဆုံးရှူံးလေ့ရှိပါတယ် မျက်နှာအစိုဓါတ်လေးတွေဖြည့်သွင်းပေးဖို့အတွက် မရှိမဖြစ် step လေးဟာ Moisturizerလေးပါ။oily skin လေးတွေ ဆိုရင်တော့Moisturizer ရွေးချယ်မယ်ဆိုရင် gel typeမျိုးကိုရွေးချယ်တာအဆင်ပြေလိမ့်ပါမယ်နော်။ 4.Suncream လူငယ်လူရွယ်လူကြီးမရွေးမဖြစ်မနေအသုံးပြုရမယ့် step ဖြစ်ပါတယ်။ နေ့စဥ်နေတိုင်း နေရောင်ခြည်အောက်မှာနေကြတာဖြစ်တဲ့အတွက် နေရောင်ကိုကာကွယ်ဖို့အလွန်အရေးကြီးပါတယ်။suncreamမသုံးရင်ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေလဲအလွန်များပါတယ်။ ဒါကြောင့်အနည်းဆုံးအနေနဲ့ spf 50+ ပါတဲ့ ကိုယ့်skin type နဲ့အဆင်ပြေဆုံး suncreamကိုရွေးချယ်ရပါမယ်နော်။မနက်တစ်ကြိမ် အပြင် နေ့လည်တစ်ကြိမ်ပါ အသုံးပြုမယ်ဆိုရင်အကောင်းဆုံးပါပဲ။ညဖက်ကိုတော့သုံးဖို့မလိုအပ်ပါ။ Bonus knowledge- ညဖက်ရောက်ပြီဆိုရင်တော့ Double cleansing လေးလုပ်ရမယ်နော် makeup လိမ်းလိမ်းမလိမ်းလိမ်း Micellar water လေးနဲ့ပြန်ပြီးသန့်ရှင်းရေးလုပ်ဖို့ မမေ့နဲ့နော် ပြီးတာနဲ့ အပေါ်က step လေးတွေပြန်လိမ်းပြီးအိပ်လို့အဆင်ပြေပါတယ် မနက်ပိုင်းလိမ်းတဲ့ moisturizer နေရာမှာ night cream လေးအသုံးပြုလို့လဲရပါတယ် ညဘက်မှာတော့suncream လိမ်းဖို့မလိုဘူးနော်
ကဲဒီနေ့အတွက်တော့ ဒီလောက်ပါပဲရှင် တခြားသောskin care အကြောင်းတွေသိချင်တာရှိရင်လဲ comment မှာမေးသွားလို့ရပါတယ်ရှင့် နောက်ထပ်တွေလဲ skin care ဗဟုသုတ တွေအပြင် အခြား ဗဟုသုတရစရာ အကြောင်းတွေလဲနေ့စဥ်တင်ပေးနေတာမို့ ဝေနေယျ page လေးကို like & follow လုပ်ဖို့မမေ့နဲ့နော် အားလုံးကျန်းမာပျော်ရွှင်လှပနိုင်ကြပါစေ With loves, Daffany
Comments