လူ "၁၂၉" ယောက်ထိသေဆုံးခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမိုင်းတွင် ဘောလုံးပွဲ
- The Cinema
- Oct 2, 2022
- 1 min read
Indonesia နိုင်ငံ အရှေ့ဂျာဗားက Malan မှာရှိတဲ့ Kajuruhan ဘောလုံးအားကစားကွင်းမှာ လူအုပ်အဓိကရုဏ်းကြောင့် လူ 129 ဦးသေဆုံးပြီး 180 ဦး ဒဏ်ရာရရှိခဲ့

Arema FC နဲ့ Persebaya Surabaya တို့အသင်း ကစားပွဲအပြီးမှာ ရှုံးနိမ့်တဲ့ အသင်းကို ထောက်ခံအားပေးသူတွေက ဆူပူအုံကြွတာကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ လူအုပ်ကို ထိန်းချုပ်ခဲ့တာလို့ အရှေ့ဂျာဗားရဲအုပ် Nico Afanta ကသတင်းဌာနတွေရှေ့မှာ ထွက်ဆိုပါတယ်
ပွဲစဥ်အပြီးကာလအတွင်းမှာ ဘောလုံးအားကစားကွင်းထဲက အားပေးသူတွေ အကြောက်တလန့်ပြေးလွှားနေရတဲ့ video တချို့ကို အင်ဒိုနီးရှားနိုင်ငံရဲ့ လူမှုကွန်ရက်တွေပေါ်မှာ တွေ့ခဲ့ရပါတယ်
Parsebaya ကို ၃-၂ ဖြင့်အနိုင်ရရှိခဲ့သည့်ပွဲစဉ်အပြီးတွင် အင်ဒိုနီးရှားထိပ်တန်းလိဂ် BRI Liga 1 သည် တစ်ပတ်ကြာပွဲများကို ဆိုင်းငံ့ထားလိုက်ပြီး စုံစမ်းစစ်ဆေးမှုများစတင်ခဲ့တယ်လို့ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် (PSSI) မှပြောကြားခဲ့ပါတယ်
ဆန်တက်
コメント