top of page

'123 နှစ် ခရီးရှည်ကိုဖြတ်သန်းလာတဲ့ The Cherries'

Updated: Sep 30, 2022

2022-2023 ပရီးမီးယားလိဒ်ပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်အသင်း 20 ထဲကမှပထမဆုံးဘုန်းမောက်အသင်းရဲ့အကြောင်း ဝေနေယျ ဘောလုံးပရိတ်သတ်တွေကိုမိတ်ဆက်ပေးချင်ပါတယ်။





2022-2023 ပရီးမီးယားလိဒ်ပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်အသင်း 20 ထဲကမှပထမဆုံးဘုန်းမောက်အသင်းရဲ့အကြောင်း ဝေနေယျ ဘောလုံးပရိတ်သတ်တွေကိုမိတ်ဆက်ပေးချင်ပါတယ်။

ဘုန်းမောက်အသင်းကို 1899 ခုနစ်မှာစတင်တည်ထောင်ခဲ့ပြီးသက်တမ်းအားဖြင့် 123 နှစ်ကြာမြင့်ပြီဖြစ်ပါတယ်။


အသင်းစတင်တည်ထောင်စဥ်ကနာမည်ကတော့ Boscombe St John's Institute Fc ဖြစ်ပါတယ်။

1972ခုနစ်မှာတော့လက်ရှိအသုံးပြုနေတဲ့AFC Bournemouth လို့ပြောင်းလဲခဲ့ပါတယ်။

အသင်းသမိုင်းတစ်လျှောက် logo ကိုးခုပြောင်းလဲအသုံးပြုခဲ့ရာလက်ရှိအသုံးပြုနေတဲ့ logo ကို 2013 ခုနစ်

မှာစတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ဘုန်းမောက်အသင်းရဲ့ လက်ရှိအသုံးပြုနေတဲ့အိမ်ကွင်းနာမည်ကတော့ Vitality Studium ပဲဖြစ်ပါတယ်။ပရိတ်သတ် 11379 ယောက်ဝင်ဆံ့ပြီးတော့ကွင်းအတွင်းသမိုင်းဝင် ဝင်ရောက်မှုအဖြစ် 1957 ခုနစ်က Manchester United အသင်းနဲ့ကစားခဲ့တဲ့ Fa ဖုလားပွဲဖြစ်ပြီး ပရိတ်သတ် 28000 ကျော်ဝင်ရောက်ကြည့်ရှုခဲ့ပါတယ်။2012-2013 ခုနစ်မှာတော့ England Leauge One ပြိုင်ပွဲရဲ့ ဒုတိယနေရာရ ရှိခဲ့ပြီး Championship ကိုရောက်ရှိခဲ့ပါတယ်။


Championship ပြိုင်ပွဲကိုရောက်ရောက်ချင်းနှစ်မှာတင်အကောင်းဆုံးစွမ်းဆောင်ရည်တွေကိုပြသပြီး

Championship ပြိုင်ပွဲရဲ့ Championဘွဲ့ကိုရယူကာ အသင်းသမိုင်းတစ်လျှောက်ပထမဆုံး Premier Leauge

ပြိုင်ပွဲယှဥ်ပြိုင်ခွင့်ကိုရရှိခဲ့ပါတယ်။


2015-2016 ရာသီမှ 2019-2020 အထိ Premier Leauge မှာငါးရာသီရပ်တည်ခဲ့ပြီး Championship ကိုပြန်လည်တန်းဆင်းသွားခဲ့ပါတယ်။ ငါးရာသီအတွင်းအကောင်းဆုံးရပ်တည်မှုအဖြစ်

2016-2017 ခုနစ်က အဆင့် 9 နေရာနဲ့ရာသီပိတ်သိမ်းနိုင်ခဲ့ပါတယ်။ တန်းဆင်းသွားပြီး 2 ရာသီကြာ 2021-2022 ခုနစ်မှာ Championship ရဲ့ ဒုတိယနေရာရယူပြီး 2022-2023 ခုနစ် Premier Leauge ပြိုင်ပွဲကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။


ဒီနေ့တင်ဆက်ပေးသွားတာကတော့ 2022-2023

Premier Leauge ပြိုင်ပွဲဝင်အသင်း20 ထဲကမှ

AFC Bournemouth အကြောင်းပဲဖြစ်ပါတယ်။

Comments


bottom of page