ဆမ်ဘာတို့ရဲ့နန်းတက်မင်းသား(သို့)ဗီနီစီးယပ်ဂျူနီယာ
- The Cinema
- Sep 30, 2022
- 1 min read
Updated: Oct 4, 2022
ဗီနီစီးယပ်စ်လို့ပြောလိုက်တာနဲ့လှပတဲ့အလိမ်အခေါက်အတို့အထိတွေ မထင်မှတ်ထားတဲ့ပေးပိုု့မှုတွေ ဂိုးသွင်းပြီးရင်ဆမ်ဘာတို့ရဲ့ရိုးရာအကတွေနဲ့တွဲ မြင်မိမှာပါ။

ဒါပေမယ့်ဗီနီရဲ့ အောင်မြင်တဲ့ဘောလုံးသမားဘဝကလွယ်လွယ်နဲ့ဖြစ်မလာခဲ့ပါဘူး။
ဗီနီရဲ့နာမည်အပြည့်အစုံကတော့ Vinícius José Paixão de Oliveira Júnior ပဲ ဖြစ်ပြီး 2000 ခုနစ် ဇူလိုင် 12 မှာ ဘရာဇီလ်းနိုင်ငံ São Gonçalo မှာ
မွေးဖွားခဲ့ပါတယ်။
ငယ်စဥ်ကနွမ်းပါးခဲ့တဲ့ ဗီနီတို့မိသားစုကိုဦးလေးဖြစ်သူကကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။
ဗီနီဟာငယ်စဥ်ကတည်းကအလွန်အေးဆေးတည်ငြိမ်သူဖြစ်ပြီး Fifa ဆော့ရတာနှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။
ငယ်စဥ်ကသူငယ်ချင်းများနှင့်တစ်နေ့လုံးလမ်းပေါ်မှာဘောလုံးဆော့ကစားလေ့ရှိပြီး Fifa ကန်ဖို့အတွက်သာအိမ်ကိုပြန်လာလေ့ရှိသည်။
ဗီနီအသက် 9နှစ်အရွယ်တွင် Flamengo လူငယ်အကယ်ဒမီဝင်ရောက်ခွင့်အတွက်ကြိုးစားခဲ့သော်လည်းအသက်အရွယ်ငယ်ရွယ်သေးတာကြောင့်ပယ်ချခံခဲ့ရပါတယ်။
ဗီနီဟာ ဖူဆယ် ကန်ဖို့ ဆုံးဖြတ်ခဲ့သော်လည်း မိသားစုရဲ့အားပေးကူညီမှုနှင့်အတူ လူရွေးပွဲကိုထပ်မံကြိုးစားခဲ့ကာ2010 သြဂုတ်လတွင်
Flamengo လူငယ်အကယ်ဒမီတွင်ဘောလုံးပညာသင်ယူခွင့်ရရှိခဲ့ပါတယ်။
Flamengo အတွက်ပထမဆုံး ပွဲဦးထွက်အဖြစ်
Atlético Mineiro အသင်းနှင့်တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲတွင်ပွဲချိန် 82 မိနစ်တွင် လူစားဝင်ရောက်ကစားခွင့်ရရှိခဲ့ပါတယ်။
ဗီနီဟာ Flamengo အသင်းတွက် 37 ပွဲ ကစားပေးခဲ့ပြီး 7 ဂိုးသွင်းယူပေးခဲ့ပါတယ်။
တောင်အမေရိကဘရာဇီလ်းရပ်ဝန်းတောက်ပလာတဲ့သူ့ကိုဥရောပအသင်းကြီးများစွာကစိတ်ဝင်စားခဲ့ကြပါတယ်။
2017 မေလ 23 ရက်နေ့တွင် Real Madrid အသင်းက U-18 ကစားသမားတစ်ယောက်အတွက်ဒုတိယစံချိန်တင်ပြောင်းရွေ့ကြေး ယူရို (46)သန်း ဖြင့် ခေါ်ယူရန်အကြိုသဘောတူညီမှုရယူနိုင်ခဲ့ပါတယ်။(အနိမ့်ဆုံးအသက် 18 ပြည့်မှသာတရားဝင်ပြောင်းရွေ့ကြေးဖြင့်ခေါ်ယူနိုင်)
2018 ဇူလိုင် 20ရက်နေ့တွင်သူဟာ Real Madrid အသင်းရဲ့တရားဝင်ကစားသမားအဖြစ်မိတ်ဆက်ပေးခဲ့ပါတယ်။
ဗီနီဟာ ပထမဆုံးကျောနံပါတ် 28 ကိုဝတ်ဆင်ခဲ့ပါတယ်။
အသင်းအတွက်သူ့ရဲ့ပထမဆုံးပွဲကိုတော့
Atlético Madrid နှင့် ဂိုးမရှိသရေကျခဲ့တဲ့ပွဲ ရှယ်ဆယ့်ခုနစ် မိနစ်မှာလူစားလှဲဝင်ရောက်ကစားခွင့်ရရှိခဲ့ပါတယ်။
Real အတွက်ပထမဆုံးပွဲဦးထွက်အဖြစ် 2018 အောက်တိုဘာ 31 ရက်နေ့မှာကစားခဲ့တဲ့ကိုပါဒယ်ရေးပြိုင်ပွဲတွင်ပါဝင်ကစားခဲ့ပါတယ်။
ထိုပွဲတွင် Real အသင်းက Melilla အသင်းအား လေးဂိုးဂိုးမရှိအနိုင်ရခဲ့ ပြီး ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ပေးခဲ့ကာ
မာကာရဲ့ Man of the Match အဖြစ်ဖော်ပြခြင်းကိုခံခဲ့ရပါတယ်။
နိုဝင်ဘာ 3ရက်နေ့ Real Valladolid အသင်းကို2-0
ဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲတွင်လူစားဝင်ဝင်ပြီး တစ်ဆယ်မိနစ်
အကြာမှာသွင်းယူပေးခဲ့ပါတယ်။
ထိုရာသီတွင် Real အသင်းနှင့်အတူပထမဆုဖုလားအဖြစ် Fifa Club World Cup ကိုရရှိခဲ့ပါတယ်။
၎င်း၏ပထမဆုံး UEFA Champions League ဂိုးကို တော့ 2019 ခုနှစ် ဒီဇင်ဘာလ 11 ရက်နေ့တွင် ကစားခဲ့တဲ့
Club Brugge ကို 3-1 ဖြင့်အနိုင်ရရှိခဲ့တဲ့ အဝေးကွင်းပွဲစဥ်မှာသွင်းယူပေးခဲ့ပါတယ်။
ထိုရာသီတွင် Real Madrid အသင်းနှင့်အတူ လာလီဂါ
ဆုဖုလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။
2019-2020 ဘောလုံးရာသီတွင်ခြေစွမ်းကျဆင်းမှုနှင့်အတူဝေဖန်မှူတွေရင်ဆိုင်ခဲ့ရပြီး Supercopa de España
ဆုဖုလားတစ်ခုသာရရှိခဲ့ပါတယ်။
2021-2022 ဘောလုံးရာသီကတော့သူ့ရဲ့အတောက်ပဆုံးဘောလုံးရာသီဖြစ်ခဲ့ကာ အသင်းဖော် ဘင်ဇီမာနဲ့
အတူအကောင်းဆုံးတွဲဖက်ရာ Real အသင်းနှင့်အတူ
Laliga.Supercopa de España.UEFA Champion leauge.UEFA Super Cup တို့ကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဗီနီဟာထိုဘောလုံးရာသီအတွင်း
UEFA Champion leauge ဖိုင်နယ် ရဲ့တစ်လုံးတည်းသောသွင်းဂိုးအပါတစ်ရာသီလုံး 17 ဂိုးသွင်းကာ 10ဂိုး ဂိုးထောက်ပံ့မှုပြုလုပ်နိုင်ခဲ့ပါတယ်။
ထိုနှစ်ရဲ့ UEFA Champion Leauge ရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဗီနီဟာ ဘရာဇီလ်းအတွက်သက်တမ်းအလိုက်အရွေးခံ ခဲ့ရကာ2019 ဖေဖော်ဝါရီ 28ရက်နေ့တွင် ပနားမားနှင့်ချက်အသင်းတို့နဲ့ကစားမည့်ခြေစွမ်းပွဲအတွက်ပထမဆုံးအရွေးခံခဲ့ရပါတယ်။ ဘရာဇီလ်းလက်ရွေးစင်အသင်းအတွက်
15 ပွဲကစားကာတစ်ဂိုးသွင်းယူပေးထားပါတယ်။
ဗီနီဟာအနေအေးသလို အရက်သေစာသောက်စားလေ့မရှိပဲ ဘောလုံးကိုသာအာရုံစိုက်ကစားတာကြောင့်အနာဂတ် မှာ ဘောလုံးသမားတိုင်းရဲ့အိမ်မက်ဖြစ်တဲ့ ballon d'or နှင့် ကမ္ဘာ့ဖုလားတို့ကိုရရှိပါစေဆုတောင်းရင်းနောက်အပတ် စိတ်ဝင်စားစရာဘောလုံးအကြောင်းအရာတစ်ခုနှင့်ပြန်လာခဲ့ပါမယ်ခင်ဗျာ
ကိုဖိုးသိန်း
Comments