အသက် ၈နှစ်မှာတင် Millionaire ဖြစ်လာသူ Nastya
- The Cinema
- Sep 30, 2022
- 1 min read
Updated: Oct 4, 2022
ဝေနေယျ ပရိတ်သတ်ကြီးကို ဒီနေ့အတွက် ပြောပြပေးမဲ့အကြောင်းအရာလေးကတော့ အသက်၈နှစ်မှာ Millionaire ဖြစ်လာသူလေး Nastya(Anastasia Radzinskaya) ရဲ့ဘဝအကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

Nastya လေးကိုတော့ဖခင် Sergey နှင့် မိခင် Anna တို့မှ 2014ခုနှစ် ဇန်နဝါရီ လ 27ရက်နေ့မှာ ရုရှားနိုင်ငံတောင်ပိုင်း Krasnodar Krai မြိုမှာ မွေးဖွားခဲ့ပါတယ်။ မွေးဖွားပြီးပြီးမှာပဲ ဆရာဝန်ရဲ့ စကားတစ်ခွန်းကြောင့် မိဘနှစ်ပါးလုံးကိုတုန်လှုပ်စိတ်ခြောက်ခြားစေခဲ့ပါတယ် ဒါကတော့သူတို့သမီးလေးက တစ်သက်လုံးစကားမပြောနိုင်ဘူး လို့ သိခဲ့ရလို့ပါပဲ၊ သို့ပေမဲ့လဲ အချိန်တန်တော့ကလေးဟာပုံမုန်အတိုင်းစကားပြောခဲ့ပါတယ်။
Nastya လေးရဲ့ Youtube Channel စမထောင်ခင်မှာတော့ မိခင် Anna ဟာ Bridal Salon လုပ်ငန်းကိုလုပ်ကိုင်ခဲ့ပြီး ဖခင် Sergey ကတော့အသေးစား ဆောက်လုပ်ရေး လုပ်ငန်းကိုလုပ်ကိုင်ခဲ့ကြပါတယ် ၊ 2015 ခုနှစ်မှာတော့ မိဘနှစ်ပါးစလုံးဟာသူတို့ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေကိုရောင်းချပြီး 2016 ခုနှစ်မှာတော့ Youtube Channel ကိုစတင်တည်ထောင်ခဲ့ပါတယ်။
စတင်ခဲ့တဲ့ချိန်ကစပြီး ခုချိန်ထိ Nastya လေးရဲ့ကိုယ်ပိုင် Channel တွေကတော့
(1). Like Nastya (101M Subscribers) (2). Like Nastya Show (41.7M Subscribers) (3). Like Nastya ESP (33.5M Subscribers) (4). Like Nastya Vlog (17.8M Subscribers) (5). Like Nastya AE (22M Subscribers) (6). Like Nastya PRT (20.7M Subscribers)
စုစုပေါင်း Channels ခြောက်ခုထိပိုင်ဆိုင်ထားနိုင်ပြီး တည်ထောင်ပြီးနှစ်မှာတင် ဒေါ်လာ ၃၀၀,၀၀၀ ဝင်ငွေရရှိခဲ့ပါတယ်။
2017ခုနှစ် မှာတော့ $ 1Million USD, 2018 မှာ $4 Million USD, 2019 မှာ $20 Million USD, 2020 မှာ $86 Million USD, 2021 မှာ $ 109 Million USDထိ ဝင်ငွေတွေတိုးတတ်လာခဲ့ပြီး ခုချိန်မှာတော့ Nastya လေးရဲ့ပိုင်ဆိုင်မှုဟာ $ 260 Million ထိရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ လစဥ် $ 5 Million နှုန်းဖြင့်ဝင်ငွေရရှိနေတဲ့ Nastya လေးဟာ ခုချိန်မှာ အသက် ၈နှစ်ပဲရှိပါသေးတယ်။
ဒါကတော့ အသက် ၈နှစ်အရွယ်မှာ Millionaire ဖြစ်တာတဲ့ Nastya လေးရဲ့အကြောင်းလေးကိုတင်ပြပေးလိုက်တာပဲဖြစ်ပါတယ်၊ နောက်နေ့တွေမှာလဲဘယ်လိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမလဲဆိုတာ စောင့်မျှော်ရင်း...ဒါပဲ
ကျွန်တော် Daddy ပါ
Comentários