top of page

နာမည်ဆန်းလေးနဲ့မုန့်ဖြဲသိပ်

Updated: Sep 30, 2022

ဒီတစ်ပါတ် ရဲ့ ဝေနေယျလေးတွေအတွက် စားလို့ကောင်းပြီး လုပ်စားလို့လွယ်ကူတဲ့ မုန့်လေး

အကြာင်း ကို ​​ပြောပြ​ပေးမယ်​နော်






ဒီမုန့်ကလေးကတော့ မြိတ်ဒေသဘက်ကဆင်းသက်လာတဲ့မုန့်ဖြစ်ပြီးတော့အ​ခေါ်အ​ဝေါ်​လေး​တွေက​တော့ မုန့်ဖြဲသိပ် ၊ မုန့်ပဲသိပ်၊ ပဲသိပ်မုန့်၊ခွဲသိပ်မုန့် စသည်ဖြင့်အမျိုးမျိုး​ခေါ်ဆိုကြပါတယ်။


မုန့်ဖြဲသိပ် လေး ရဲ့သမိုင်းကြောင်းလေးကိုပြောပြပေးပြီဆိုတော့ လုပ်ပုံလုပ်နည်းလေးနဲ့ ပါဝင် ပစ္စည်း လေးတွေမိတ်ဆက်ပေးမယ်နော်


ပါ၀င်ပစ္စည်းလေးတွေက​တော့


-ကောက်ညှင်းမှုန့်

-ဆား

-သကြား

-မြေပဲ

-နှမ်း

-ဆီ


-ပထမဦးဆုံး အနေနဲ့ ကောက်ညှင်းမှုန့် ကို ရေ ဆားတို့ဖြင့် ​ကောက်ညှင်းလုံးကို ပြုလုပ်ထားရပါမယ်ရှင့်။


-ပြီးရင်တော့ ကောက်ညှင်းလုံး ထဲမှာမှ ဖဲ့ပြီး

အနေတော် ကောက်ညှင်းလေးတွေကိုပြားထားရပါမည်။အားလုံး ပြားပြီရင် တော့ ပန်းကန်လေးပေါ်မှာ တင်ထားပေးပါရှင့်။


- အိုးလေးထဲမှာရေကိုဆူအောင်တည်ထားပြီး အနေတော် ကောက်ညှင်းလေးတွေကို ဆူနေတဲ့ ရေထဲကိုတစ်ခုဆီထည့်ပေးရပါမယ်ရှင့်။


-ပြီးရင် မြေပဲလေးတွေကိုငရုတ်ဆုံထဲမှာထည့်ပြီး ​ကြေညက်အောင်ထောင်းပြီး ပန်းကန်ပြားထဲမှာထည့်ထားပေးပါ ။ ထောင်းထားတဲ့ မြေပဲထဲကို မှ နှမ်းရယ်သကြားရယ်ကို ရောမွှေပေးရပါမယ်။


-ထည့်ထားတဲ့ကောက်ညှင်းပြားလေးတွေအိလာပြီဆိုရင်အိုးထဲကဆယ်ပြီး ရေစစ်ထားရပါမယ်နော်။ရေစစ်ပြီးအအေးခံသွားပြီးရင်တော့ဆီလေးအနည်းငယ်နဲ့လူးထားပေးရပါမယ်။


- နောက်ဆုံးအနေနဲ့ကတော့ မုန့်ဖြဲသိပ်ဆိုတဲ့အတိုင်းပဲ ထောင်းထားတဲ့မြေပဲ နှမ်း သကြား နဲ့ ကောက်ညှင်းပြားလေးတွေကို အပေါ်ကနေ သိပ်ပေးရမှာပါရှင့်။


ဒါဆိုရင်တော့ ရိုးရှင်းလွယ်ကူပြီး လူကြီးရော

ကလေးရော ကြိုက်ကြပြီး စားကောင်းတဲ့ မုန့်ဖြဲသိပ်လေးလုပ်နည်းနဲ့ ပါဝင် ပစ္စည်းလေးကို ပြောပြ ပြီး ပြီဆိုတော့ ဒီ weekend မှာ budget လည်း save ဖြစ်၊လုပ်ကတာလည်းလွယ်လည်းလွယ်ကူတော့ လုပ်စားကြရအောင်ရှင့်။

Comments


bottom of page