top of page

History Of မုန့်ဟင်းခါး

Updated: Oct 4, 2022

ဒီတစ်ပါတ်ရဲ့ဝေနေယျလေးတွေအတွက် မဂ်လာပါနဲ့တွဲမြင်တက်ပြီး အမြဲစား​ပေမယ့် ရိုးမသွားတဲ့မုန့်ဟင်းခါး​လေးရဲ့ ဇာတ်​​ကြောင်း ကို​ပြောပြ​ပေးပါမယ်​​နော်။



မုန့်ဟင်းခါးရဲ့တီထွင်တဲ့ခုနှစ်နဲ့တီထွင်တဲ့သူကို​တော့တိကျကျမသိရ​ပေမယ့် မုန့်ဟင်းခါးကို ကုန်းဘောင်ခေတ်စာဆို ဦးပုည၏ လကာ်များအနက်တစ်ခုတွင် မုန့်ဟင်း ဟု သုံးနှုန်းခဲ့သည်။ စာဆို တော် ဖိုးသူတော်ဦးမင်းနှင့် စာဆိုလူဦးမင်းတို့ မုန့်ဟင်းခါးအကြောင်း အပြိုင်စပ်ရာတွင်လည်း မုန့်တီဟု သုံးနှုန်းခဲ့သည်။ဒေသအလိုက် မုန့်ဟင်းခါးအား "မုန့်" "မုန့်ဟင်း" မိုဟင်းခါး" စသည်ဖြင့် အမျိုးမျိးခေါ်ဝေါကြသေးသည်။ပျူမြို့ဟောင်းကို တူးဖော်ရာတွင်လည်း ဆန်မုန့်နှင့် အချဥ်​ဖောက် ပြုလုပ်​သော ကိရိယာ အများအပြား တူး​ဖော်ခဲ့နိုင်​သော​ကြောင့် ထမင်းအစားထိုး ဆန်ဖြင့်ပြုလုပ်ခဲ့​သော မုန့်ဟင်းခါး ​ပေါ်​ပေါက်နိုင်​လောက်သည်။ မုန့်ဟင်းခါးအား ကျောက်စာ၊ပေစာများတွင် မ​ဖော်ပြထား၊ရှေးနန်းတွင်းဟင်းချက်စာရင်းများတွင် မပါဝင်သောကြောင့် နန်းတွင်းပွဲတော်အုပ်အစားအစာမဟုတ်ဘဲ သာမန်အရပ်သူအရပ်သားတို၏အစားအစာသာဖြစ်နိုင်ကြောင်းကောက်ချက်ချနိုင်သည်။

မုန့်ဟင်းခါးသည် ဆိုင်ကြီးကနားကြီးများသာမက ပလက်ဖောင်းပေါ်ရှိ ဆိုင်ငယ်များ၊ ခေါင်းရွက်ဗျတ်ထိုး စျေးသည်များအထိ ရောင်းဝယ်ကြသည်။ မုန့်ဟင်းခါးသည် လူမျိုးဘာသာမရွေး စားသုံးနိုင်သောကြောင့် အလှူ သာရေးမှစ၍ အသုဘ နာရေးအထိ မပါမဖြစ်သောအစားအစာလည်းဖြစ်သည်။

မုန့်ဟင်းခါးကို ငါးတစ်မျိုးနှစ်မျိုးနှင့်ချက်ကြသည်။တစ်ချိူ့ငါးရှားသောဒေသများတွင် ကြက်သား အမဲသားတို့ဖြင့်ချက်ပြုတ်ကြသည်။ မုန့်ဟင်းခါးသည်ပါဝင်ပစ္စည်းများနှင့် ချက်ပြုတ်ရသည့်အဆင့်များပြားသည်။ ထို့ကြောင့်မုန့်ဟင်းခါးချက်လျှင်စည်းစည်းလုံးလုံး တစ်ပျော်တစ်ပါး ချက်ပြုတ်ကြရသည်။ ထို့အပြင်ဒေသအလိုက် မုန့်ဟင်းခါး ချက်နည်းများ အမျိုးမျိုး ရှိသော်လည်း ရန်ကုန်နှင့်ဧရာဝတီ မြစ်၀ကျွန်းပေါ် ဒေသရှိမုန့်ဟင်းခါးများမှာလူကြိုက်အများဆုံးဖြစ်သည်။ဒေသအလိုက်မုန့်ဟင်းခါးစာရင်းအားသိရှိရသလောက်အောက်တွင်ဖော်ပြပေးထားပါသည်။

ရန်ကုန်မုန့်ဟင်းခါး မြောင်းမြမုန့်ဟင်းခါး ပုသိမ်မုန့်ဟင်းခါး ဘိုကလေးမုန့်ဟင်းခါး ဟင်္သာတမုန့်ဟင်းခါး ဖျာပုံမုန့်ဟင်းခါး အင်းလေးမုန့်ဟင်းခါး တောင်ငူမုန့်ဟင်းခါး ကရင်မုန့်ဟင်းခါး ရခိုင်မုန့်ဟင်းခါး ခေါ် (အာပူလျှာပူ) ထားဝယ်မုန့်ဟင်းခါး တပင်တိုင်မုန့်ဟင်းခါး ဝါးခယ်မမုန့်ဟင်းခါး တောင်တွင်းကြီးမုန့်ဟင်းခါး ယောမုန့်ဟင်းခါး

မုန့်ဟင်းခါးသည်ပရိုတင်း၊ ကာဗွန်ဟိုက်ဒရိုတ်၊ ဓါတ်ဆားတို့လည်း ပါ၀င်သောကြောင့် ကျန်းမာရေးအတွက်လည်းအထောက်အကူပြုသည်။

ဒါဆိုရင်​တော့ History Of Mont Hin Gar လေးကိုလည်းသိသလောက်လေးပြောပြပြီးသွားပြီဆိုတော့ တခြားသော အစားအစာတွေ အခြားသောအကြောင်းအရာအစုံကိုသိချင်ရင်တော့ page မှာ ဆက်လက်ဆုံတွေ့ကြမယ်နော် ။


Rosella

Comentários


bottom of page