top of page

ပျောက်ဆုံးနေတဲ့ ညီမလေးကို ရှာရင်း ကမ္ဘာကျော်ဂိမ်းတစ်ခုဖြစ်လာတဲ့ "Limbo"

Updated: Sep 30, 2022

ဒီနေ့ဝေနေယျမှ Puzzle Game တွေစိတ်ဝင်စားတဲ့ပရိတ်သတ်တွေအတွက် တင်ဆက်ပေးမယ့် Game လေးကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကနေ ယနေ့ထိအောင်မြင်ဆဲဂိမ်းလေးတခုဖြစ်တဲ့ Limbo(Limbo of the lost) လေးပဲ ဖြစ်ပါတယ်။






Limbo ဂိမ်းဟာဆိုရင်တော့ Independent Studio Playdead မှဖန်တီးထားတဲ့ Adventure, Horror, Puzzle အမျိုးအစားဂိမ်းတခုဖြစ်ပါတယ်။

ဒီဂိမ်းလေးဟာဆိုရင် Xbox Live Arcade မှာ 2010 July လမှာစတင်ထွက်ရှိခဲ့ပြီးတော့ နောက်ပိုင်းမှာ Playdead မှ Play station 3, Linux နှင့် Microsoft Windows များအပါအဝင် အခြားစနစ်များစွာသို့စတင် သယ်ဆောင်ခဲ့ပါတယ်။


Limboဟာ 2D side-scroller အမျိုးအစားဂိမ်းတစ်ခုဖြစ်ပြီး အမည်မဖော်လိုသောကောင်လေးတစ်ယောက်ရဲ့နေရာကနေ အန္တရာယ်ရှိတဲ့ပတ်ဝန်းကျင်၊ ထောင်ခြောက်များကိုဖြတ်ကျော်ပြီး ပျောက်ဆုံးနေတဲ့ သူ့ရဲ့ညီမလေးကိုရှာဖွေရတဲ့ပုံစံအနေအထားနဲ့ ဆော့ကစားရမှာဖြစ်ပါတယ်။

ဂိမ်းတစ်ခုလုံးမှာ Black and White Theme နဲ့ဆော့ကစားရမှာဖြစ်ပြီး ပတ်ဝန်းကျင်အသံများကိုလဲ Horror ဆန်ဆန်ဖန်တီးတင်ဆက်ထားပါတယ်။


Limbo ဂိမ်းဟာဆိုရင် အမြဲတမ်းအကောင်းဆုံးဂိမ်းတွေထဲမှာ စာရင်းဝင်ထားပါတယ်။

Limbo ဟာဆိုရင် 2010 ခုနှစ်မှာ Xbox Live Arcade ဝန်ဆောင်မှုရဲ့ တတိယမြောက်ရောင်းအားအကောင်းဆုံး ဂိမ်းတစ်ခုဖြစ်ခဲ့ပြီး ဝင်ငွေဒေါ်လာ 7.5သန်းခန့် ရရှိခဲ့ပါတယ်။

Limbo ဂိမ်းကိုထုတ်ဝေပြီးနောက်မှာလဲ အခြား ဆုတံဆိပ်ပေါင်းများစွားရရှိခဲ့ပြီး 2010 ခုနှစ်အတွက် ထိပ်တန်းဂိမ်းများထဲမှ တစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။

Limbo ဂိမ်းကို 2011, August 2မှာ Windows တွေအတွက်စတင်ထွက်ရှိခဲ့ပါတယ်။

IOS တွေအတွက်ကတော့ 2013, July 3 မှာထွက်ရှိခဲ့ပြီး Android တွေအတွက် 2015, February 11မှာစတင်ထွက်ရှိခဲ့ပါတယ်။


ကဲ ဒါလေးကတော့ လူကြိုက်များပြီးဆော့လို့ကောင်းတဲ့ Limbo game လေးအကြောင်းပဲ ဖြစ်ပါတယ်။

ရင်ထိပ်သည်းဖိုနဲ့ စိတ်ဝင်စားဖို့လဲကောင်းတာကြောင့် မဆော့ဖူးသေးတဲ့သူတွေလဲဆော့ကြည့်ဖို့အကြံပေးချင်ပါတယ်ဗျ။

Comentários


bottom of page