ယခု 2023 မှာထွက်ရှိလာမယ့်အမိုက်စားဂိမ်းတစ်ခု.....
- The Cinema
- Jan 19, 2023
- 1 min read
....ဝေနေယျရဲ့ဂိမ်းချစ်ပရိတ်သက်တွေအတွက်ယနေ့ပြောပြပေးမဲ့ဂိမ်းလေးအကြောင်းကတော့ ယခု 2023 မှာထွက်ရှိလာမည့် Ashfall လို့ခေါ်တဲ့ Adventure Shooting game လေးပဲဖြစ်ပါတယ်။ ဒီဂိမ်းဟာဆိုရင် ဝေးကွာတဲ့အနာဂတ်ကာလတစ်ခုကိုအခြေခံထားပြီး ပျက်စီးနေသောကမ္ဘာကြီးအတွင်း လူသားများနှင့်ဉာဏ်ရည်တုများအကြားပြင်းထန်သောပဋိပက္ခများပေါ်ကိုအခြေခံထားတာပဲဖြစ်ပါတယ်။အနာဂတ်ကာလတစ်ခုမှာ တစ်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဖရိုဖရဲဖြစ်နေပြီးလူသားများနှင့်ဉာဏ်ရည်တုများအကြားပြင်းထန်တဲ့ပဋိပက္ခများလဲရှိနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အဏုမြူစစ်ပွဲများဖြစ်ပွားခဲ့ပြီးကမ္ဘာကြီးဟာပြိုလဲပျက်စီးခြင်းသို့ကျရောက်လာခဲ့ပါတယ်။ ဒီဂိမ်းဟာဆိုရင် အဲ့ဒီအနုမြူစစ်ပွဲများအပြီး နှစ်အတန်ကြာတဲ့အချိန်တစ်ခုမှာအစပြုထားပြီး ကစားသမားများဟာပျက်စီးနေသောကမ္ဘာကြီးထဲမှာ ထူးခြားတဲ့စွန့်စားခန်းတွေကိုစတင်ရမှာပဲဖြစ်ပါတယ်။ Ashfall ဟာဆိုရင်ယခု 2023 မှာထွက်ရှိလာမဲ့ပထမဦးဆုံးသော post-apocalyptic MMORPG အမျိုးအစားဂိမ်းတစ်ခုဖြစ်ပါတယ်။ PC နှင့် Mobile နှစ်မျိုးလုံးကစားနိုင်မှာဖြစ်ပြီးကစားသမားများဟာအိမ်မှာနေရင်း အနာဂတ်ကမ္ဘာတစ်ခုမှာ စွန့်စားခန်းထွက်နိုင်မှာလဲဖြစ်ပါတယ်။ Legendary Star Studio ဟာ 2022 မှာတည်းက TGS Expo မှာ၎င်း တို့ရဲ့ post-apocalyptic ဖန်တီးမှုကို ပထမဆုံးထုတ်ဖော်ပြသခဲ့ပြီး ယခု 2023 မှာ platform များအားလုံးမှာရရှိနိုင်မည်လို့မျှော်လင့်ရပါတယ်။ ထွက်တာနဲ့တန်းဆော့ချင်တယ်ဆိုရင်တော့ Ashfall ရဲ့တရားဝင်ဝဘ်ဆိုဒ်၊ steam နှင့် အခြားသော platform များမှာကြိုတင်စာရင်းပေးသွင်းနိုင်ပြီပဲဖြစ်ပါတယ်။
ashfall-game.com https://www.ashfall-game.com ... Ashfall-Explore the New Wasteland
မှတဆင့်လဲကြီုတင်စာရင်းပေးသွင်းနိုင်ပါတယ်
Commentaires