top of page

လက်တလောနာမည်ကြီးနေတဲ့ The Last Of Us


ကဲ ဒီနေ့ဝေနေယျရဲ့ဂိမ်းချစ်ပရိတ်သက်တွေအတွက်ပြောပြပေးမဲ့အကြောင်းအရာလေးကတော့ လတ်တလော live-action မှာဆိုရင်လဲအရမ်းနာမည်ကြီးနေတဲ့ The Last Of Us ဂိမ်းလေးရဲ့အကြောင်းပဲဖြစ်ပါတယ်။

The Last Of Us ဟာဆိုရင် Naughty Dog မှဖန်တီးထားပြီး Sony Computer Entertainment မှ 2013 ခုနှစ်မှာထုတ်ဝေခဲ့တဲ့ action-adventure ဂိမ်းတစ်ခု ဖြစ်ပါတယ်။

ကစားသမားတွေဟာဆိုရင် ဆယ်ကျော်သက်မိန်းခလေး Ellie ကိုခေါ်ဆောင်သွားတဲ့ မှောင်ခိုသမား Joel ကိုထိန်းချုပ်ပြီးအမေရိကန်ပြည်ထောင်စုတစ်လျှောက်ဖြတ်သန်းသွားလာရင်းစွန့်စားခန်းထုတ်ရမှာပဲဖြစ်ပါတယ်။

The Last Of Us ဟာဆိုရင် third-person view နှင့်ဆော့ကစားရမှာဖြစ်ပြီး သေနတ်များ၊ အဆင့်မြှင့်တင်ထားသောလက်နက်များကိုအသုံးပြုရင်း လူသားရန်သူများနှင့် မှိုရောဂါကူးစက်ခံထားရတဲ့လူသားစားသတ္တဝါများကိုခုခံတိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။

The Last Of Us ရဲ့တိုးတက်မှုဟာဆိုရင် 2009 ခုနှစ် Naughty Dog ရဲ့ Uncharted 2: Among Thieves ကိုဖြန့်ချိပြီးနောက်မှာတည်းကစတင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်ကုမ္ပဏီသမိုင်းမှာပထမဆုံးအကြိမ် Naughty Dog ဟာ အဖွဲ့နှစ်ဖွဲ့ခွဲခဲ့ပြီးအဖွဲ့တစ်ဖွဲ့က Uncharted 3: Drake's Deception ကိုဆက်လက်လုပ်ဆောင်ခဲ့ပြီး အခြားအဖွဲ့ဟာ The Last Of Us ကိုဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

သရုပ်ဆောင်တွေဖြစ်ကြတဲ့ Troy Baker နှင့် Ashley Johnson တို့ဟာ ဇာတ်ကောင်နှင့်ဇာတ်လမ်းကိုဖန်တီးခဲ့တဲ့ ဒါရိုက်တာ Neil Druckmann ရဲ့အကူအညီနဲ့ Joel နှင့် Ellie တို့ရဲ့ အသံများ၊ လှုပ်ရှားမှုပုံစံများကိုရိုက်ကူးခြင်းများဖြင့်အသီးသီးပုံဖော်ခဲ့ကြပါတယ်။ Original score ကိုတော့ Gustave Santaolalla ကရေးစပ်ပြီးဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။

2011 ဒီဇင်ဘာလမှစပြီးတော့ The Last Of Us ရဲ့ ကြော်ငြာမှုတွေဟာအရမ်းကိုကျယ်ပြန့်လာခဲ့ပါတယ်။ 2013 ခုနှစ်ဇွန်လမှာ Playstation 3 အတွက်စတင်ဖြန့်ချိခဲ့ပါတယ်။

ထို့နောက်၎င်းရဲ့ဇာတ်ကြောင်း၊ ပသံဒီဇိုင်း၊ ဂိမ်းကစားခြင်း၊ scores၊ ဇာတ်ကောင်စရိုက် နှင့် ဇာတ်ကောင်များရဲ့သရုပ်ဖော်ခြင်းတွေအတွက်ချီးကျူးမှုများစွာရရှိခဲ့ပါတယ်။

The Last Of Us ဟာဆိုရင် ၎င်းရဲ့ပထမအပတ်မှာတင်အလုံးရေ 1.3 သန်းကျော်ရောင်းချရခဲ့တာဖြစ်ပြီး 2018 ခုနှစ် ဧပြီလ အပြီးမှာတော့ 17သန်းကျော်ရောင်းချပြီးခဲ့ပြီးအရောင်းရဆုံး ဗီဒီယိုဂိမ်းများထဲမှတစ်ခုဖြစ်လာခဲ့ပါတယ်။ ဂိမ်းစာအုပ်များထဲမှတစ်နှစ်တာအကောင်းဆုံးဂိမ်းဆုများအပါအဝင် အခြားသောဂုဏ်ပြုဆုများကိုလဲရရှိခဲ့ပါတယ်။ ထို့အပြင် The Last Of Us ဟာဆိုရင် ဖန်တီးခဲ့သမျှအကြီးကျယ်ဆုံးဂိမ်းများထဲမှတစ်ခုအဖြစ်သတ်မှတ်ခံထားရတာလဲဖြစ်ပါတယ်။

The Last Of Us: Remastered ကို 2014 ခုနှစ် ဇူလိုင်လမှာ Play Station 4 အတွက်ထွက်ရှိခဲ့ပြီး The Last Of Us: Part 1 ကိုထပ်မံဖန်တီးကာ Play Station 5 အတွက် စက်တင်ဘာ 2022 မှာထပ်မံထုတ်ဝေခဲ့ပါတယ်။ Windows တွေအတွက်ကတော့ မတ်လ 2023 မှာထုတ်ဝေနိုင်ရန်အတွက် စီစဥ်ထားပါတယ်။ ဂိမ်းရဲ့အောင်မြင်မှုတွေအဖြစ် 2013 ခုနှစ်မှာရုပ်ပြစာအုပ်တစ်အုပ်၊ 2014 ခုနှစ်မှာ တိုက်ရိုက်ပြသမှုများ၊ 2020 ခုနှစ်မှာ နောက်ဆက်တွဲတစ်ခု၊ ယခု 2023 ခုနှစ်မှာ ရုပ်မြင်သံကြားအပိုင်းဆက် series တစ်ခုထွက်ရှိထားပါတယ်။ ထို့အပြင် 2023 ခုနှစ်မှာပဲ Themeborne ရဲ့ tabletop gameတစ်ခု၊ untitled multiplayer game နှင့် CMon မှ လာမည့် tabletop game များလဲပါဝင်ပါတယ်။

သည်းထိပ်ရင်ဖိုဂိမ်းတွေကိုဆော့ကစားရတာသဘောကျတယ်ဆိုရင်တော့ဆော့ကြည့်ဖို့အကြံပေးချင်ပါတယ်။

တယောက်တည်းsingle player အနေနဲ့ကစားလို့လဲရသလို သူငယ်ချင်းတွေနဲ့အတူ Multiplayer အနေနဲ့လဲဆော့ကစားလို့ရပါတယ်။

Comments


bottom of page