လူတစ်ယောက်တည်းနဲ့ စတင်ဖန်တီးခဲ့ပေမဲ့ အံ့ဩဖွယ်လူကြိုက်များတဲ့ ဂိမ်းတစ်ခု
- Wainay Ya
- Mar 14, 2023
- 1 min read

Stardew Valley ဆိုတာကတော့ လူသိများတဲ့ Harvest Moon ကဲ့သို့ Simulation အမျိုးအစား ဂိမ်းတစ်မျိုးပဲဖြစ်ပြီး ရောင်းအား အကောင်းဆုံး Indie Game တွေထဲကတစ်ခုပဲဖြစ်ပါတယ်။ ဒီ ဂိမ်းလေးက ရောင်းအားအကောင်းဆုံး Indie Game တွေထဲကတစ်ခုဖြစ်ပေမဲ့ နောက်ကွယ်မှာ မယုံနိုင်စရာ အချက်လေးတစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ Eric Barone ဆိုတဲ့ Game Designer တစ်ယောက်က ဒီဂိမ်းကို (၄) နှစ်ကြာ အချိန်ပေးပြီး တစ်ယောက်တည်း ဖန်တီးခဲ့တာပါ။ မှန်ပါတယ်။ ဂိမ်းထဲမှာပါတဲ့ ပုံတွေ၊ တီးလုံးတွေက အစ Programming တွေအထိ လိုအပ်တဲ့ အရာအကုန် ကိုယ်တိုင်လေ့လာခဲ့ပြီး ဒီ ဂိမ်းလေးကို သူတစ်ယောက်တည်း ဖန်တီးခဲ့တာပါ။ တစ်ယောက်တည်း ဖန်တီးခဲ့ပေမဲ့ ဂိမ်းရဲ့ စုံလင်တဲ့ Features နဲ့ စွဲဆောင်မှုရှိတဲ့ Gameplay တွေကြောင့် Computer တွေအတွက် စတင် ရောင်းချခဲ့တဲ့ ဖေဖော်ဝါရီလ (၂၆) ရက်နေ့၊ ၂၀၁၆ ကနေ ၂ လအတွင်း အရေအတွက် ၁ သန်းကျော် ရောင်းချခဲ့ရပါတယ်။ ဒီမှာတင်ရပ်တန့်မနေပဲ တခြား Platform တွေဖြစ်တဲ့ Mac၊ Linux၊ Xbox One၊ Play Station 4 နဲ့ Switch မှာလည်း ဆက်လက်ရောင်းချခဲ့ပါသေးတယ်။ အဓိက Update (၅) ခုအထိ လုပ်ခဲ့ပြီး (၄) ကြိမ်မြောက်မှ စလို့ Eric Barone က အဖွဲ့လေးတစ်ခုဖွဲ့လို့ ဆက်လက်ပြီး ဂိမ်းကို ပြုပြင်မွန်းမံခဲ့ပါတယ်။ မှတ်တမ်းတွေအရတော့ မတ်လ ၂၀၂၂ မှာ Stardew Valley ဂိမ်းကို အရေအတွက် သန်း ၂၀ ကျော်အထိ ရောင်းချခဲ့ပြီးဖြစ်ပါတယ်။ ဒီလောက်အထိ လူကြိုက်များတဲ့ဂိမ်းလေးမှာ ပါဝင်တာတွေကတော့ ကိုယ်ပိုင် စိုက်ခင်းလေးတစ်ခုကို ထိန်းသိမ်းရတာ၊ ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံရတာ၊ စိတ်လှုပ်ရှားဖွယ်ရာ ဂူတစ်ဂူထဲကို သွားနိုင်တာအပြင် အခြားစိတ်ဝင်စားဖွယ်တွေ အများအပြားပါဝင်ပါတယ်။ အခုဆို ဒီ ဂိမ်းလေးကို Mobile Phone တွေအတွက်ပါ ရနေပြီဖြစ်လို့ ဘယ်လောက်ထိ စွဲဆောင်နိုင်လဲသိချင်ရင်တော့ ကိုယ်တိုင် ဝယ်ယူ Download ဆွဲပြီး ဆော့ကြည့်ဖို့ ဝေနေယျ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။ By Nya
Comments