RUNETERRA မှကြိုဆိုပါတယ်.....
- The Cinema
- Sep 30, 2022
- 1 min read
ဝေနေယျရဲ့ဂိမ်းပရိတ်သက်တွေအတွက် ဒီနေ့တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့ League of Legends(LOL)လို့လူသိများတဲ့ Multiplayer online battle gameလေးအကြောင်းပဲ ဖြစ်ပါတယ်။

League of legends(LOL) လို့လူသိများတဲ့ gameဟာဆိုရင် Riot Games မှဖန်တီးထားတဲ့ video game တစ်ခုဖြစ်ပြီး 2009 ခုနှစ် October မှာစပြီးထုတ်ဝေခဲ့ပါတယ်။
Warcraft lll အတွက် custom map ဖြစ်တဲ့ Defense of the Ancients ရဲ့လှုံ့ဆော်မှုကြောင့် Riot ရဲ့တည်ထောင်သူတွေဟာ အမျိုးအစားတူတဲ့ဂိမ်းတစ်ခုကိုတီထွင်ရန် ကြိုးပမ်းခဲ့ကြပါတယ်။
ဂိမ်းဟာဆိုရင် 2009 Octoberမှာ စတင်ထွက်ရှိခဲ့ပြီး Microsoft Windows နှင့် mac Os တွေမှာစတင်ထုတ်ဝေခဲ့ပါတယ်။ Mobile version ကိုတော့ 2020,October 27မှ စတင်ထုတ်ဝေခဲ့ပါတယ်။
LoL ဟာဆိုရင် အသင်းဖွဲ့ပြီးကစားရတဲ့ online multiplayer game တစ်ခုဖြစ်ပါတယ်။ကစားသမားငါးယောက်ပါတဲ့အသင်းနှစ်သင်းဟာ တိုက်ပွဲမှာယှဥ်ပြိုင်တိုက်ခိုက်ရတာဖြစ်ပြီး အသင်းတစ်သင်းစီဟာ မြေပုံရဲ့တဝက်စီကိုကာကွယ်ရင်း ရန်သူ့ဘက်ခြမ်းကိုသိမ်းပိုက်ရမှာပဲ ဖြစ်ပါတယ်။
ကစားသမားဆယ်ယောက်မှာတစ်ဦးစီရဲ့ မတူညီတဲ့စွမ်းရည်များနှင့် မတူညီတဲ့ ကစားဟန်များဖြင့် Champion လို့ခေါ်တဲ့ ဇာတ်ကောင်ကိုထိန်းသိမ်းရင်းဆော့ကစားရမှာဖြစ်ပါတယ်။
ပြိုင်ပွဲတစ်ခုအတွင်း Championများဟာ experience pointsများစုဆောင်းခြင်း၊ golds များရှာဖွေခြင်း နှင့် ပြိုင်ဘက်အသင်းကိုအနိုင်ယူရန် items များဝယ်ယူခြင်းတို့ဖြင့်ပိုမိုအားကောင်းလာပါတယ်။
LOL ရဲ့အဓိက mode ဖြစ်တဲ့ Summoner's Rift ဟာဆိုရင် ပြိုင်ဘက်အသင်းရဲ့ base ထဲကိုထိုးဖောက်ပြီး အတွင်းရှိ ကြီးမားတဲ့ဖွဲ့စည်းပုံဖြစ်တဲ့ Nexus ကိုဖျက်ဆီးခြင်းဖြင့်အနိုင်ရရှိမှာဖြစ်ပါတယ်။
League of Legends ဟာ ယေဘုယျအားဖြင့် အပြုသဘောဆောင်သောသုံးသပ်ချက်များကိုရရှိထားပြီး အောင်မြင်နေတဲ့ဂိမ်းတစ်ခုလဲဖြစ်ပါတယ်။
ဝေဖန်သူတွေဟာ၎င်းရဲ့ သုံးစွဲနိုင်မှု၊ ဇာတ်ကောင်ဒီဇိုင်းများနှင့် ထုတ်လုပ်မှုတန်ဖိုးတို့ကိုမီးမောင်းထိုးပြခဲ့ပါတယ်။
2019ခုနှစ်မှာLOLဟာ တစ်ပြိုင်နက်တည်း ကစားသူ 8သန်းအထိရှိလာခဲ့ပြီး ၎င်း၏ကျော်ကြားမှုဟာဆိုရင် music videos များ၊ comics booksများ၊ short storiesများနှင့် Arcane ကဲ့သို့ animated series များကိုလဲပေါ်ပေါက်လာစေခဲ့ပါတယ်။ထို့ပြင် ၎င်းရဲ့အောင်မြင်မှုဟာ Mobile version several spin-off video gamesများ၊ a digital collectible version card gamesများနှင့် a turn based role-playing games များအပါအဝင် အခြား video gamesများစွာကိုလဲမွေးဖွားပေးခဲ့ပါတယ်။
ကဲ..ဒါလေးကတော့ အရမ်းနာမည်ကြီးပြီးကစားလို့ကောင်းတဲ့ League of Legends(LOL) ဂိမ်းလေးအကြောင်းပဲ ဖြစ်ပါတယ်။ အပြိုင်အဆိုင်ကစားရတဲ့ multiplayer online battle games တွေကိုဆော့ကစားရတာကြိုက်တယ်ဆိုရင်တော့ဒီဂိမ်းလေးကိုဆော့ကြည့်ဖို့အကြံပေးပါတယ်။
Comments